မြွေနဂါးပုံနှင့် သတင်းမှာ အတုကြီး သာဖြစ်
17 Mar 2016 2,583 Views

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့တောင်ဖက် တောတွင်းတစ်နေရာဝယ် အမောက်ပါသော မြွေနဂါးမျိုးစိပ်အသစ်တစ်မျိုးတွေ့ရှိဟူ၍ လူမှုကွန်ရက်တွင်ပြန့်နှံ့နေသော သတင်းနှင့်ဓာတ်ပုံမှာ လုပ်ကြံဖန်တီးထားသော သတင်းအတု၊ ဓာတ်ပုံအတုဖြစ်သည်။
မူရင်းသတင်းဓာတ်ပုံမှာ ၂၀၁၃ ခုနှစ်က အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကေရာလာကျေးရွာလေးတွင် ဖမ်းမိသော မြွေကြီးတစ်ကောင်ပုံဖြစ်ပြီး၊ ယင်းကို အမောက်တစ်ခု တပ်ပေးထားကာ လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်။
"လူမှုကွန်ရက်မှာ အဲဒီလို အတုအယောင်တွေ အများကြီးရှိပါတယ်။ ဒါတွေကို မြင်တိုင်း အစစ်လို့မယုံသင့်ဘူးဗျ။ ဖြစ်နိုင်ရင် google image မှာ အဲဒီပုံကို ပြန်စစ်ကြည့်ကြစေချင်တယ်။ အဲသလိုစစ်ဆေးပြီးမှ ယုံသင့်တဲ့သတင်းဌာနကဆိုမှသာလျှင်ယုံသင့်ပါတယ်"ဟု ကွန်ပျူတာကျွမ်းကျင်သူတစ်ဦးကပြောသည်။
Source: Popular News







