မုံ့ဟင်းခါးထဲ ကြွက်စုပ် ကိုပါထည့်ပြုတ်ပြီး ရောင်းချနေတဲ့ ရန်ကုန်က ဈေးသည် အကြောင်း
21 Mar 2016 2,359 Views

မုံ့ဟင်းခါးဟင်းရေအား ''ငါး'' အစား ကြွက်စုပ်များကို အပိုင်းပိုင်း ခုတ်ထစ် မုံ့ဟင်းခါးဟင်းရေချက်ပြုပ်ပြီး အများပြည်သူများအား ရောင်းချနေသည့် ဆိုင်တွင် နောက်နောင်မည်သူမျှ ဝယ်ယူစားသောက်ခြင်းမလုပ်ကြပါရန် အသိပေးခြင်း။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့  နယ်၊ သုဝဏ္ဏမြို့  (၂၅) ရပ်ကွက်၊ ပျဉ်းမမြို င် လမ်းမကြီး - စုပေါင်းအိမ်ယာ တိုက်တွင်ဖွင့် လှစ်ရောင်းချနေသောမုံ့ ဟင်းခါးဆိုင်မှ ယနေ့နံနက်က မုံ့ဟင်းခါး ဝယ်ယူခဲ့ပါသည်။ ထိုမုံ့ဟင်းခါး အားစားဖို့ရန် ဟင်းရေအား မွှေလိုက်သည့် အချိန်တွင် ဓါးဖြင့်ပိုင်းထားသော ကြွက်စုပ် ခေါင်းပြတ်ကြီးအား ပုံတွင် ပြထားသည့် အတိုင်း တွေ့ရှိလိုက်ရပါသည်။
ထိုကြွက်စုပ်ခေါင်းအား သေချာဓါးဖြင့် ဖြတ်ပိုင်းထားပြီး ငါးအစားထည့်သွင်း ချက်ပြုတ်နေသည်မှာ ထင်ရှား နေပါသည်။ ထိုဆိုင်တွင်ကျွန်တော်တို့ဝယ်ယူ စားသောက် နေကြ သည်မှာ ၃/၄ နှစ် ခန့်ရှိပြီဖြစ်ပါသည်။
ထို့ကြောင့် အများ ပြည်သူများ အနေဖြင့် ထိုဆိုင်တွင်လုံးဝလုံးဝ မစားကြပါရန် နှင့် မိမိတို့ငွေရဖို့သက်သက် အတွက်ကိုဘဲ ကြည့်ပြီး အများပြည်သူများ၏ အသက်ဘေးကို လုံးဝ ဂရုမစိုက်ကြသည့်အတွက် အများပြည်သူများ၏ အသက်အန္တာရာယ်လည်းအလွန်စိုး ရိမ်ရပါသည်။
ထို့ကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်၍ အမြဲအားပေး နေကြသော ဖောက်သည်များ လုံးဝ မစားသောက်ကြပါရန် တင်ပြလိုက်ရပါသည်။
(မှတ်ချက်။ ထိုဆိုင်သည် ကြံရေပါ ရောင်းချသည့်အပြင် ညနေစောင်းတွင် မုံ့ဟင်းခါး ငါးပြုပ်ရေပါ ရောင်းချ နေကြပါသည်။)
Credit to Gold Finger