BEC-TERO TV

ဖုန်းဘက်ထရီပေါက်ကွဲပြီး လူကိုမီးလှောင်ခဲ့တဲ့ ဖြစ်ရပ် ( Video )

21 Mar 2016     1,738 Views


ပါကစ္စတန်နိုင်ငံမှာ အင်္ကျီအိတ်အတွင်းမှ ဖုန်းရဲ့ ဘက်ထရီ ပေါက်ကွဲပြီး လူတစ်ဦး မီးစွဲလောင်ခံခဲ့ရပါတယ်။

လမ်းလျှောက်သွားနေတဲ့ လူတစ်ဦးရဲ့ ရင်ဘတ်နေရာမှာ ရုတ်တရက် မီးထလောင်ခဲ့ပြီးနောက် ၎င်းတစ်ကိုယ်လုံးဟာ မီးတုတ်တစ်ချောင်းသဖွယ် ဖြစ်သွားခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံး မီးစွဲလောင်ခံရသူဟာ သွေးရူးသွေးတန်း အော်ဟစ်ပြေးနေခဲ့ပါတယ်။ နောက်ဆုံးမှာ အနီးအနားရှိ လူတစ်ဦးက မီးလောင်နေသူရဲ့ ခန္ဓာကိုယ်ကို ရေတစ်ပုံးဖြင့် လောင်းချငြှိမ်းသတ်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။

ဖုန်းများအတွင်း အသုံးပြုထားတဲ့ ဘက်ထရီတွေဟာ မီးလောင်လွယ်တယ်လို့ ဆိုပါတယ်။

 


21 Mar 2016     1,738 Views




RELATED

Most Popular of International News

Most Popular of NEWS