BEC-TERO TV

အိမ်မှာ မိန်းမကို မတွေ့လို့ အိမ်ကို မီးရှို့တဲ့သူ

21 Mar 2016     1,606 Views


အရက်သောက်စားပြီး ပြန်လာစဉ်၎င်း၏ နေအိမ်၌ ဇနီးကို မတွေ့ရသဖြင့် အိမ်မီးရှို့ခဲ့ သော ကနီမြို့နယ် အင်ကြင်းပင် ရွာမှ အမျိုးသားကို ကနီမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး နေကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

‘‘အရက်အလွန်အကျွံ သောက်ပြီး စိတ်မူမမှန်ဖြစ်လို့ ဇနီးကို မတွေ့တာနဲ့ အိမ်တိုင်ကိုခေါင်းနဲ့ ဆောင့်၊ အိမ်ကိုမီးရှို့တာ ဖြစ်ပါ တယ်။ နေအိမ်ကို မီးရှို့သူကိုတော့အမှုဖွင့်စစ်ဆေးနေပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှ ရဲအရာရှိ တစ်ဦးက ပြော ကြားသည်။

 ယင်းသို့ မီးရှို့ခြင်းကြောင့် သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက်အလျား ၂၅ ပေ၊ အနံ ၁၈ ပေရှိ နေ အိမ်တစ်လုံးမီးလောင်ခဲ့ပြီး အနီး ၀န်းကျင်ရှိ လူမနေသော သက်ငယ်မိုး၊ ထရံကာမြေစိုက်တဲ တစ်လုံးသို့ မီးကူးစက်လောင်ကျွမ်း ခဲ့သဖြင့် နေအိမ်တဲ နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ကျပ် ငါးသိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ ကနီမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းက (ပ) အမှတ် ၃၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၄၃၆ အရ အမှုဖွင့်ထား သည်။


21 Mar 2016     1,606 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS