ဟာဗားနားရောက် သမ္မတအိုဘားမားကို ကျူးဘားပြည်သူများကြိုဆို.
21 Mar 2016 1,808 Views

အမေရိကန် သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ကျူးဘားခရီးစဉ်ကို မနေ့ကစတင်ခဲ့ရာ မြို့တော်ဟာဗားနားကို ဆိုက်ရောက်လာခဲ့တဲ့ သမ္မတအိုဘားမားကို ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ်က လေဆိပ်မှာ ကြိုဆိုခဲ့သလို ကျူးဘား ပြည်သူတွေကလည်း မိုးတွေရွာနေတဲ့ ကြားက လမ်းတလျှောက်မှာ သမ္မတအိုဘားမားကို လှိုက်လှဲစွာကြိုဆိုခဲ့ပါတယ်။
သမ္မတအိုဘားမားဟာ ကျူးဘားနိုင်ငံမှာ ၃ရက်ကြာ နေထိုင်မှာဖြစ်ပါတယ်။ ကျူးဘား- အမေရိကန်ဆက်ဆံရေးသမိုင်း မှာ နှစ်ပေါင်း ၉၀အတွင်း ကျူးဘားကို ပထမဆုံးလာရောက်တဲ့ အမေရိကန်သမ္မတဖြစ်လာခဲ့ပါတယ်၊ ကျူးဘားနဲ့ အမေရိကန် သံတမန်ဆက်ဆံရေးကို မနှစ်ကမှ ပြန်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။
https://www.facebook.com/IrrawaddyBurmese/







