BEC-TERO TV

နေတိုး သင်္ကြန် ဘယ်မှာ ရှိမလဲ

21 Mar 2016     1,630 Views


ဧပြီလ ၃ ရက်နေ့ မှာ ကျင်း ပတော့မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ မှာတော့ နေတိုး ပါဝင် သရုပ် ဆောင်ထားတဲ့ “နက္ခတ် မှားတဲ့ တိုက်ပွဲ” ဇာတ်ကားလည်း အကယ်ဒမီ စာရင်းထဲမှာ တစ်ပြေး နေတဲ့ ဇာတ်ကား ကလည်း ပါဝင်နေ ပါတယ်။ ဒီနှစ် အကယ် ဒမီ ပေးပွဲမှာ တော့ ပရိသတ်တွေက နေတိုးကို ဇာတ်ဆောင်ဆု အနေနဲ့ ခန့် မှန်းနေကြပါတယ်။ ပရိသတ်တွေ ခန့်မှန်း နေကြတဲ့ အတိုင်း အကယ်ဒမီ မျှော်လင့် ချက်နဲ့ပတ်သက်ပြီး နေတိုးက “ကျွန်တော့်ကို ပရိသတ်တွေ အကယ် ဒမီမျှော်လင့် ပေးကြတဲ့ အတွက် ဝမ်းလည်း ဝမ်းသာမိပါတယ်။ အဲဒီဇာတ်ကား နဲ့ပတ် သက်ပြီး ထွေထွေထူး ထူး ရင်ခုန်တာမျိုးမရှိ ပါဘူး။ ကျွန်တော် တို့ရိုက်ကူးတဲ့ အချိန် တုန်းကလည်း ဇာတ် လမ်းတစ်ခုကို အကောင်းဆုံးဖြစ် အောင် အကြိမ်ကြိမ် ပြင်ဆင်ပြီးတော့ ကျွန် တော် တို့ ရိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားလေးက အမှတ်တရလေးတော့ ရှိ ပါတယ်။ ကျွန်တော် အကယ် ဒမီ မျှော်လင့် ထား တာတော့ မရှိ ပါဘူး” လို့ ပြောပါတယ်။

ရုပ်ရှင်မှသာလျှင် ပရိသတ်ကို ထိထိ ရောက်ရောက် ပေးနိုင်တယ်။ ထိထိ ရောက်ရောက် ရိုက်ကူးမှုတွေ ပြုလုပ်နိုင် တယ်လို့ ပြောလာသူ ကတော့ နေတိုးပဲ ဖြစ်ပါတယ်။ ဗီဒီယိုပျက်စီးတယ် ဆိုတာက ရုပ်ရှင် ဇာတ်ကား အရေအတွက် များလာ ရင် ရုံပေါ်မှာတင်ပြီး DVD Version အနေနဲ့ ထွက်လာရင် အိမ်ကြည့်လို့ ရတဲ့ ဗီဒီယိုပြန်ဖြစ် သွား တဲ့ အတွက် Quality ကောင်းကောင်းနဲ့ ပြန်ကြည့်ခွင့် ရသွား မှာဖြစ်ကြောင်း နေတိုးကပြောပါတယ်။

“အဓိက ရုပ်ရှင်ကားတွေ များပြား လာတာက ပရိသတ် အတွက် ရော၊ ဖန်တီးရတဲ့ သူတွေ အတွက်ရော ပိုပြီး သေသေ သပ် သပ်လေးဖြစ် လာနိုင်တယ် လို့ ပြောလို့ရတယ်။ ဟိုအရင်တုန်းက ရှိခဲ့တဲ့အရာ တစ်ခုက ရုပ်ရှင်တွေ ပျက်စီး သွားပြီး ဗီဒီယို ခေတ်ဖြစ်လာ တယ်။ အခုက ဗီဒီယိုတွေ ပျက်စီးသွားပြီး ရုပ်ရှင်ခေတ်ကို ပိုပြီး ကြိုဆိုပါ တယ်”လို့ နေတိုးက ပြောပါတယ်။ ဇာတ်လမ်း ပုံစံ တွေ ပြောင်း လဲလာတာနဲ့ အမျှ မတူညီတဲ့ Character ပုံစံမျိုးတွေ၊ ခက်ခဲတဲ့ ဇာတ် လမ်း ပုံစံမျိုးတွေလည်း ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ်မှာ ရိုက်ကူး သွား ဖို့ရှိ ကြောင်းလည်း နေတိုး ကပြောပါတယ်။

လတ်တလော မှာတော့ နေတိုး က ဒါရိုက်တာ မောင် ဇော်လင်း ရိုက်ကူးတဲ့ “ကောင်းကင်မှာ အရုပ်ရေးတဲ့ကြယ်” ဗီဒီယိုဇာတ်ကားကို ရတနာဖြူဖြူအောင် နဲ့အတူ ရိုက်ကူးနေ ပါတယ်။ မတ်လ ၉ ရက်နေ့က ဘန် ကောက် မှာ နေတိုး က ဖွေးဖွေးနဲ့အတူ ထိုင်းနိုင်ငံက ဒါရိုက်တာ ရိုက်ကူးတဲ့ ကြော်ငြာနှစ်ခု ကို သွားရောက် ရိုက်ကူးခဲ့ ကြောင်း သိရပါတယ်။ သင်္ကြန် ဆို ရင် လေးနှစ် ဆက်တိုက် အိမ်မှာပဲ နေ ဖြစ်တဲ့ နေတိုးက ဒီနှစ် သင်္ကြန်မှာလည်း အိမ်မှာ ပဲနေဖြစ်မယ်လို့ ပြောပါတယ်။ “အဓိကကတော့ ကျွန်တော် နား ချင်တာ၊ နောက်ပြီးတော့ နှစ်သစ် အတွက် တခြားပြင်ဆင်စရာ ရှိတာ ပြင် ဆင်တယ်။ စိတ်ကို နည်း နည်းလေး ဆေး ကြောတယ်။ ဘုရားတရား လုပ်ဖြစ်တယ်။ အဲဒါတွေကြောင့် ကျွန်တော်နား ဖြစ်တာပါ”လို့ ပြောပါ တယ်။

http://popularmyanmar.com/afpopular/


21 Mar 2016     1,630 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment