BEC-TERO TV

တပေါင်းလပြည့်နေ့ လတစ်ပိုင်း ကြတ်မည်။

21 Mar 2016     1,445 Views


လာမယ့် ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက် (တပေါင်းလပြည့်နေ့) မှာတော့ Penumbral Lunar Eclipse လို့ခေါ်တဲ့ လ တစ်ပိုင်း ကြတ်ခြင်းကို မြန်မာနိုင်ငံမှ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ လကြတ်ခြင်းဟာ လပြည့်နေ့များမှာ ဖြစ်တတ်ပြီး နေကြတ်ခြင်းကတော့ လကွယ်နေ့များမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပို့တွဲ လကွယ်နေ့ကတော့ နေကြတ်ခြင်း ဖြစ်ပေါ်ခဲ့ပါတယ်။ လကြတ်မယ့်အချိန်ကတော့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ မှ ည ၈ နာရီခွဲ အထိဖြစ်ပါတယ်။ အမြင့်ဆုံး လကြတ်ချိန်ကတော့ ညနေ ၆ နာရီ ၁၈ မိနစ်မှာ ဖြစ်မှာပါ။ မိုးကုတ်စက်ဝိုင်း အနီးမှာ လ ကို မြင်တွေ့ရနိုင်ပါတယ်။ လကြတ်တယ်ဆိုတာကတော့ နေ နဲ့ လ နဲ့ ကြားကို ကမ္ဘာရောက်ရှိခြင်း ဖြစ်ပါတယ်..။

ကမ္ဘာအရိပ်တည့်တည့် ရှိတဲ့နေရာကို လရောက်ရှိလျှင်တော့ လအပြည် ကြတ်ခြင်း ဖြစ်ပေါ်ပြီး ယခုလို ကမ္ဘာအရိပ် အနည်းငယ်သာရှိတဲ့ (တနည်း) အပြင်ဘက်ကျတဲ့ နေရာကို လ ဖြတ်သွားတဲ့အခါမှာတော့ မထင်ရှားလှတဲ့ လ တပိုင်းကြတ်ခြင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လ ဟာ လင်းလက်နေရာမှ ခဏတာ မှေးမှိန်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့က လ ကြတ်နေတဲ့ အနေအထားက စပြီး မြင်ရမှာဖြစ်လို့ လဟာ မှေးမှိန်နေရာမှ တဖြည်းဖြည်း ချင်း လင်းလက်သွားမှာပါ။ ယခု လတပိုင်းကြတ်ခြင်းကို မြင်တွေ့ရမယ့် နိုင်ငံများကတော့.. အာရှတိုက် အရှေ့ပိုင်း၊ ၾသစေတ်းလ်၊ ပစိဖိတ်ရပ်ဝန်းဒေသများ နဲ့ မြောက်အမေရိကတိုက် အနောက်ပိုင်း တို့ပဲ ဖြစ်ပါတော့တယ်။

Credit ; သတင်းစုံ


21 Mar 2016     1,445 Views




RELATED

Most Popular of Special or Others

Most Popular of NEWS