BEC-TERO TV

ကားအဟောင်းကို ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံကိုယ်ထည်ကားအဖြစ် ပြောင်းလဲခဲ့

21 Mar 2016     1,675 Views


ဗြိတိန်နိုင်ငံသား စက်ပြင်ဆရာ တစ်ဦးဟာ ၁၆ နှစ်သက်တမ်းရှိတဲ့ Volkswagen Passat ကားအဟောင်းကို ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံ ကိုယ်ထည် တပ်ဆင်ထားတဲ့ ကားအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲပြင်ဆင်ဖို့ ပေါင် ၅၀၀၀ အကုန်အကျခံပြီး ၇ လအချိန်ယူခဲ့ရတာပါ။ အိမ်ပုံစံကိုယ်ထည်ကို သံမဏိနဲ့ တည်ဆောက်ထားပြီး ကားခေါင်းခန်းကနေ အဖွင့်အပိတ်လုပ်နိုင်တဲ့ ပါဝါတံခါးတွေ တပ်ဆင်ခဲ့ထားပါတယ်။ ကားထဲမှာ လေအေးပေးစက် တပ်ဆင်ထားပြီး သားရေထိုင်ခုံတွေ၊ သီချင်းနားထောင်နိုင်တဲ့ စပီကာတွေ ထည့်သွင်းထားတဲ့ ဒီကားဟာ ၂ တန်အလေးချိန်ရှိပါတယ်။

ကီဗင်နစ်ဟာ သူ့ကားကို ပြီးခဲ့တဲ့နှစ်အတွင်း ပုဂ္ဂလိက လေယာဉ်ကွင်းမှာ စမ်းသပ်မောင်းနှင်ခဲ့ပြီး တစ်နာရီ ၇၀.၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်ခဲ့ပါတယ်။ အဲဒီအမြန်နှုန်းဟာ တစ်နာရီ ၅၈.၄ မိုင်နှုန်းသာ မောင်းနှင်နိုင်ခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး အိမ်ပုံစံကိုယ်ထည်ကားရဲ့ စံချိန်ကို အပြတ်အသတ် အသာစီးယူနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ ကြော်ငြာတွေအတွက် ကီဗင်နစ်ရဲ့ကားကို စိတ်ဝင်စားခဲ့ကြပါတယ်။ သီတင်းပတ် အနည်းငယ်အတွင်း ကီဗင်နစ်ဆီ ဖုန်းဆက်တဲ့ ကုမ္ပဏီ ၂၀ ကျော်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကားကို လမ်းပေါ်မှာမောင်းဖို့ ယာဉ်မောင်းနဲ့ ယာဉ်ဆိုင်ရာ စံနှုန်းများအေဂျင်စီ(DVSA)ရဲ့ စမ်းသပ်မှု ခံယူဖို့ လိုအပ်ခဲ့ပြီး စစ်ဆေးမှုခံယူဖို့ ကြန့်ကြာခဲ့တာ ပြဿနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။

 ကီဗင်နစ်ရဲ့ကားဟာ ၄ လခွဲကြာမှ စစ်ဆေးမှု ခံယူခွင့်ရခဲ့ပြီး ကီဗင်နစ်က အဲဒီကားကို တစ်လအတွင်း စစ်ဆေးခံနိုင်ဖို့ပဲ တည်ဆောက်ခဲ့တဲ့အတွက် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပြီး သူ့အနေနဲ့ နောက်ကားတစ်စင်း တည်ဆောက်ရဖို့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကီဗင်နစ်က အနာဂတ်မှာ အလန်းစားကားတွေ တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

Credit:CRI


21 Mar 2016     1,675 Views




RELATED

Most Popular of International News

Most Popular of NEWS