BEC-TERO TV

ဂီတဖျော်ဖြေပွဲကို နှစ်နာရီကျော် နောက်ကျလို့ ပရိသတ်တွေ ဒေါသထွက်ခဲ့ တဲ့ Madonna

21 Mar 2016     1,273 Views


Madonna ဟာ သြစတြေးလျနိုင်ငံ Brisbane မှာလုပ်ခဲ့တဲ့ သူ၏ ဂီတဖျော်ဖြေပွဲသို့ သတ်မှတ်ချိန်ထက် ၂ နာရီကျော် နောက်ကျပြီးမှ ရောက်လာခဲ့ရာ အံ့သြဖွယ်ကောင်း လောက်အောင် အထက်စီးဆန်ကြောင်း ဝေဖန်ခံခဲ့ရပါတယ်။

ဒေါသထွက်သွားကြသော ပရိသတ် ရာပေါင်းများစွာသည် ဂီတဖျော်ဖြေပွဲကို မကြည့်ကြတော့ ဘဲ ပြန်အမ်းငွေကို ရယူခဲ့ကြပြီး Madonna က Brisbane ဖျော်ဖြေရေး စင်တာကို ည ၁၁ နာရီ ၁၅ မိနစ်မှ ရောက်လာခဲ့ပါတယ်

Madonna က သူသည် နောက်ကျလေ့မရှိကြောင်းနှင့် “ရှင်တို့တွေ ဒီကို စောပြီး ရောက်နေကြ တာက ပြဿနာပါ” ဟု နောက်ပိုင်းတွင် ဟာသနှော၍ ပြောခဲ့ပါတယ် ။ ဖျော်ဖြေပွဲကျင်းပတဲ့ နေရာနဲ့ Brisbane မြို့လယ်နှင့် ၁၂ မိုင်ခန့် ဝေးလို့ မြို့လယ်သို့ သွားသည့် နောက်ဆုံးရထားမှာ သန်းခေါင်ကျော်ကာစ အချိန်တွင် ထွက်ခွာလေ့ ရှိပါတယ်။

ဖျော်ဖြေပွဲဟာ နောက်နေ့ နံနက် ၁ နာရီခွဲမှာ ပြီးဆုံးခဲ့ပြီး ဖျော်ဖြေပွဲ ကြည့်ရှုခဲ့ကြတဲ့ ပရိတ်သတ် ရာပေါင်းများစွာဟာ တက်စီငှားဖို့ အတွက် လူတန်းရှည်ကြီးတွင် ဝင်ရောက် တန်းစီခဲ့ကြရသည်။

Louise Mac က ၄င်းရဲ့ တွစ်တာ စာမျက်နှာမှာ “အရမ်းနောက်ကျပြီးမှ ပြန်ရတာမို့ နောက်ဆုံးရထားကို လွတ်ပြီး နေထွက်လာသည်အထိ အဲဒီနေရာမှာ သောင်တင်နေပါတော့တယ်”  Madonna ကိုလည်း “မင်းရဲ့ ပရိသတ်တွေကို ဂရုစိုက်ရဲ့လား” ဟု သူက မေးခွန်းထုတ် ခဲ့ပါတယ်။

Credit:Mizzima


21 Mar 2016     1,273 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment