BEC-TERO TV

အပျိုကြီးဘဝနဲ့ပဲ နေချင်တဲ့ သင်ဇာဝင့်ကျော်

22 Mar 2016     1,398 Views


“အချစ်ရေးကတော့ တစ်ယောက်တည်းပါပဲ၊ သင်ဇာက ယောက်ျား မယူချင်ဘူး။ အပျိုကြီးဘဝနဲ့ပဲနေသွားချင်တာ။ ဒါပေမဲ့ သင်ဇာမိ ဘ တွေကတော့ သင်ဇာကို အဲဒီလိုမျိုး မနေစေချင်ဘူး။ သူတို့မရှိတဲ့ အချိန်ကျရင်ကိုယ်တစ်ယောက်တည်းLonely ဖြစ်မှာတ အားစိုး ရိမ်ကြတယ်။ အဲဒါကြောင့် သူတို့အတွက် လည်း ကြည့်ရသေးတာ ဆိုတော့ ၅ဝ ရာခိုင်နှုန်း ဖြစ် နေတယ်။ သင်ဇာအတွက် ဘဝ မှာ အချစ်ကမရှိလည်း ရပါတယ်။ မရှိလည်းမကောင်း၊ ရှိလည်းမကောင်း၊ သင်ဇာ့အတွက် မိသားစု၊ ပရိသတ်နဲ့ အလုပ်က အဓိကပါပဲ။

အချစ် ဆိုတာက သင်ဇာအတွက် တအားအချိန်ပေးပြီးတော့ အလုပ်ရှုပ်တယ် လို့ ထင်တယ်” လို့ အချစ်ရေး၊ အိမ်ထောင်ရေး နဲ့ပတ်သက် ပြီး သင်ဇာဝင့်ကျော်က ပြောပြထား ပါတယ်။ သင်ဇာဝင့်ကျော်က ဇာတ် လမ်းတွေကို သေချာ ရွေးချယ်ပြီး ရိုက်ကူးဖြစ်နေသလို ယခု လတ်တလောမှာတော့ ဒါရိုက် တာ အောင်ဗပါဝါရိုက်ကူးတဲ့ ‘ချစ် တယ် အော်တိုနှစ်ဆ’ ဇာတ်ကားကို အောင်မင်းခန့်နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဗီဒီယိုဈေးကွက်ပျက်ခြင်းရဲ့ ရိုက်ခတ်မှုကိုခံရတဲ့ သရုပ် ဆောင်တွေထဲမှာ သင်ဇာဝင့်ကျော်လည်း ပါပါတယ်။ ဗီဒီယိုဈေးကွက်မကောင်းတဲ့အတွက် နားနေရတဲ့ အချိန် တွေရှိကြောင်း ကို သင်ဇာဝင့်ကျော်က “ကိုယ်တွေလည်း အဆိုးချည်းပဲ၊ အကောင်း ဆိုတာမရှိဘူး။ သင်ဇာတို့ လည်း ခေတ်မကောင်းလို့ နားနေရတာတွေ ရှိတယ်။

အရင်လိုမျိုးတော့ ၁ လ ၃ ကား၊ ၄ ကားလော က် ရိုက်ကူး ရတယ်။ အဲဒီလိုမျိုး ဗီဒီယိုလောက ပျက်စီးသွား မယ်ဆိုရင် ကိုယ်တွေ အတွက်လည်း မကောင်းသလိုကိုယ့်ကို အား ပေးတဲ့ ပရိသတ်တွေ အတွက်လည်း မကောင်းပါဘူး” လို့ ပြောပါ တယ်။ အလုပ်ကို ပုံမှန်လေးပဲ လုပ်ဖြစ်နေကြောင်းပြောတဲ့ သင်ဇာဝင့်ကျော် က အလုပ်မှာ တအားကြီး လောဘ မကြီး တတ်ဘဲ စိတ်ပင် ပန်းဒဏ် လည်း မခံနိုင်ကြောင်းနဲ့ ပတ်သက် ပြီး “သင်ဇာက အလုပ်ကို ပုံမှန်လေးပဲလုပ်တယ်။

သူများ တွေလို အများကြီး ဖိပြီး မလုပ်နိုင် ဘူး။ ဒီလိုမျိုး ဗီဒီယို ရိုက်နေတဲ့နေ့ဆို ညနေဆိုပင်ပန်းနေပြီ။ အလုပ်ကို ပုံမှန် လေးပဲ လုပ်တယ်။ အလုပ်ကို တအားကြီး လောဘမကြီး တတ်ဘူး။ အများကြီးရိုက်ပြီးတော့ ထိပ်ဆုံးလည်း မရောက်ချင်ဘူး။ တချို့ဆိုရင် မနက်ကို ကားရိုက်၊ ည နေဆိုဓာတ်ပုံရိုက်။ ကြော်ငြာ ရိုက်တွေရှိတယ်။ သင်ဇာက သူတို့လို မလုပ်နိုင်ဘူး။ အဓိကက စိတ်ပင် ပန်းတဲ့ ဒဏ်မခံနိုင်ဘူး” လို့ ပြောပါတယ်။

https://www.facebook.com/popularjournal/


22 Mar 2016     1,398 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment