သတိပြုရမယ့် လက်နက်အန္တရာယ်
22 Mar 2016 1,816 Views

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၈ နိုင်ငံ အနက် မြန်မာနိုင်ငံဟာ တရား ဝင်နဲ့ တရားမဝင်လက်နက်ကိုင် ဆောင်မှုစာရင်းမှာ အဆင့် (၃၄) နေရာမှာရှိပြီး လက်နက်ကြောင့် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အထိ လူပေါင်းတစ်သောင်းခန့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာ လက်နက်ကိုင်ဆောင်မှုထိန်းချုပ် တားဆီးရေးဆိုင်ရာ စစ်တမ်းတစ် ခုမှာ ပြဆိုထားပါတယ်။
မြန်မာ နိုင်ငံမှာ တစ်နှစ်ကို လက်နက်မှု ပေါင်း ၁၀ မှုကျော် ဖြစ်ပွားနေ တယ်လို့လည်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ရဲ့ မှုခင်းစာရင်းများက ပြဆို ထားပါတယ်။အခုလို ပြည်သူက ရွေးချယ် တင်မြှောက်ထားသူများက ဦးဆောင်ဖွဲ့စည်းတဲ့ အရပ်သား စစ်စစ် အစိုးရလက်ထက်မှာ အထက်မှာဖော်ပြခဲ့တဲ့ လက်နက်မှုတွေဟာ သတိပြုစရာ၊ သတိထား စရာကိစ္စများအဖြစ် ရှိနေပါတယ်။
တရားမဝင်လက်နက်ကိုင် ဆောင်မှု၊ ကျူးလွန်မှုတွေဟာ တိုင်းပြည်အကျိုး နစ်မွန်းမှုကိုဖြစ် စေ၊ ပြည်သူလူထုအသက်အန္တ ရာယ်လုံခြုံမှုကိုဖြစ်စေ ခြိမ်း ခြောက်လာစေနိုင်မယ့် ကိစ္စဖြစ် ပါတယ်။ အစိုးရသစ်အနေနဲ့ အ ထူးသတိပြုကိုင်တွယ်သွားဖို့လို မယ့် ကိစ္စရပ်တွေထဲက တစ်ခုဖြစ် ကြောင်းပါ။
http://www.7daydaily.com/







