BEC-TERO TV

ရေတစ်ခွက်အတွက် အသက်ပေး လိုက်ရတဲ့ အညာက အန်တီတစ်ယောက်.. မတန်လိုက်တာဗျာ

23 Mar 2016     1,638 Views


ဒီဓါတ်ပုံလေးတွေတွေ့တော့ စိတ်မကောင်း ရမ်းဖြစ်မိပါတယ်။ ဓါတ်ပုံကို ကြည့်ပြီး အမျိုးမျိုးအမြင်တွေ အထင်တွေပြောကြတာပေါ့။ တစ်ချို့တွေလဲ သင်္ကြမှာ ရေတွေ ဖြုန်းကစားတာ ဒီပုံလေးတွေကို ကြည့်ပြီး မဖြုန်းစေချင်ပေါ့။ တစ်ချို့တွေလဲ သင်္ကြန်က လုပ်နေကြ မြန်မာ့ရိုးရာပွဲ ဖြစ်လို့ ဒီဟာနဲ့တော့ မသက်ဆိုင်သလိုဘဲပေါ့။

ကျနော်အကြိုက်ဆုံးပြောသွားတာတစ်ခုကတော့ "အစိုးရမှာ တာဝန်ရှိသလို ဒေသခံတွေမှာလည်း တာဝန်ရှိတာပါပဲ။  အညာဒေသက သူငယ်ချင်းတယောက်ရဲ့ ကိုယ်တိုင်ပြောကြားချက်အရ ထင်းတတန်ခြောက်ထောင်လောက် ရှိချိန် တမာပင် တတန်ကို တသောင်းလောက်ရလို့ ယာခင်းစပ် လမ်းစပ်က လူ့တဖက်လောက် တမာပင်တွေ အပါဝင် ရောင်းလိုက်ကြတာ ကွင်းထီးခေါင်ခေါင် ဖြစ်တဲ့အထိပါတဲ့။ ဥတုရာသီ တောကိုမှီ ဆိုတဲ့အတိုင်း အပင်ပျောက်တော့ ရေပါပျောက် ပိုဒုက္ခရောက်ကြရတာပါပဲ။
ဂေဟစနစ်တွေက ဆက်စပ်နေတာမို့ ဒေသခံတွေကို ပညာပေးဖို့လဲ လိုပါတယ်။"

ဒါမှန်တယ် ပြသာနာရဲ့ အရင်းမြစ်ဖြစ်တယ်လို့ ယူစပါတယ်။ စာဖတ်သူ အနေနဲ့ရော ဘယ်လိုမြင်ကြလဲဗျာ?


 


23 Mar 2016     1,638 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS