BEC-TERO TV

မိန်းမ အိမ်ပေါ်မှ ဆင်းလို့ ဆိုပြီး ဖောက်ခွဲမှုပြုလုပ်ဖို့ ကြံစည်သူကို လက်ဦး ဖမ်းဆီးရမိ

24 Mar 2016     1,927 Views


ချင်းပြည်နယ် ဟားခါးမြို့တွင် မိန်းမဖြစ်သူ နေအိမ်မှ ဆင်းသွားသည်ကို အကြောင်းပြုကာ သူတစ်ပါးနေအိမ်အား ယမ်းဖြင့် ဖောက်ခွဲရန် ကြံစည်သူ အမျိုးသား တစ်ဦးကို မတ်လ ၁၄ ရက်တွင် သက်နိုင်ရာ ရဲတပ်ဖွဲ့များက ဖောက်ခွဲရန် နာရီပိုင်း အလို၌ ဖမ်းဆီးလိုက်ကြောင်းသိရသည် ။

အဆိုပါနေ့ ည ၉ နာရီခွဲ ခန့်တွင် ဟားခါးမြို့ ပြည်တော်သာရပ်ကွက် ၊ ဂန့်ဂေါ်လမ်း အိမ် တစ်အိမ် မှ အိမ်ရှင် ဦးသင်ခါးရ် မန် နေအိမ်တွင် ရောက်ရှိနေသူ  ဦးဟရဲလ်ကုန်းသည် နေအိမ်မှဆင်းသွားသည့် ၎င်း ၏ ဇနီး ဒေါ်ပါရ်နမ်း တည်းခိုသည့် ဦးလှိုက်နောန်၏ နေအိမ်ကို ယမ်းဖြင့် ဖောက်ခွဲ မည်ဆိုသောကြောင့် ရဲတပ်ဖွဲ့ဝင် များက ၎င်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့သည် ။

အိမ်အနောက်ဘက် အပေါက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့၍ လုံးထွေးဖမ်းဆီးခဲ့ရပြီး ဦးဟရဲလ်ကုန်းလက်အတွင်းမှ ဂက်စ် မီးခြစ်တစ်လုံး ၊ ယမ်းနှင့် ဒီတိုနေတာ အသင့်တပ်ဆင်ထားသော ရှစ်လက်မရှိ ယမ်းပျော့တစ်ချောင်း ၊ သာမန် ယမ်းပျော့နှစ်ချောင်း ၊ ဒီတိုနေတာ ငါးခု ၊ ငွေစက္ကူရောရာ ၁,၇၉၀,၀၀၀ ကျပ် သိမ်းဆီး ရမိခဲ့ကြောင်း သိရသည် ။ 


24 Mar 2016     1,927 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS