BEC-TERO TV

အခွင့်အရေးပေးလာရင် မင်းသားအဖြစ် သရုပ်ဆောင်ဦးမယ့် ဂျိုကာ

24 Mar 2016     1,368 Views


အနုပညာနဲ့ပတ်သက်လို့ ဆေးစက်ကျရာ အရုပ်ထင်ဆိုသကဲ့သို့ အနုပညာမှန်သမျှကို အခြေအနေပေးရင်ပေးသလို လုပ်ကိုင်သွားမယ်လို့ ဂျိုကာက ပြောပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ရဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ရဲလေးရဲ့ညီဂျိုကာကို သရုပ်ဆောင် တစ်ယောက်အဖြစ် တွေ့ ရပြန်ပါတယ်။ ဆက်လက်ပြီး အနုပညာလမ်း ခရီးမှာ ဂျိုကာဘယ်လိုဖြတ်သန်း ဖြစ်ဦး မလဲလို့မေးတဲ့အခါ ” အနုပညာနဲ့ပတ်သက်လို့ရှိရင် ကျွန်တော်က ကိုရဲလေးနဲ့ သီချင်းဘက်ကနေ စလုပ်ခဲ့တယ်ပေါ့။ သီချင်း တီးတာတွေလုပ်တယ်။ ကိုရဲနဲ့ အတူဆိုတယ်။ ကျွန်တော် ဝါသနာပါတဲ့ ဖေ့စ်ဘုတ်က Funny တွေတင်ဖြစ်ရင်းနဲ့ အားလုံးရဲ့အသိအမှတ်ပြုမှုကို ရလာတယ်။ အခွင့်အရေးပေးလာရင် ကျွန်တော်က မင်းသားပါတက်ရိုက်မှာ (ရယ်လျက်)” လို့ ဂျိုကာက ဆိုပါတယ်။

ဂျိုကာအနေနဲ့ သင်္ကြန်ပြီးရင်တော့ Myanmar Media 7 က ရိုက်ကူးမယ့် “ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာပါ။ ဆက်လက်ပြီး ဂျိုကာကို မေးခွန်းတစ်ခုမေးမြန်းဖြစ်ခဲ့ပြန်ပါတယ်။ အဲဒါကတော့ သူ့ကို ပရိသတ်တွေအားပေးတဲ့ ဖေ့စ်ဘုတ်က ဗီဒီယိုဖိုင်လေးတွေ ရိုက်ကူးတင်ဆက်တဲ့အခါ တစ်ခု နဲ့တစ်ခုမထပ်အောင်၊ ရိုးအီမသွားအောင် ဘယ်လိုတင်ဆက်လဲလို့မေးတော့.. ”

တစ်ခါတလေကျလို့ရှိရင် Dubsmash တွေ ဖီးလ်လာရင် Dubsmash တွေလုပ် ဖြစ်တယ်။ တစ်ခါတလေကျရင် ကျွန်တော် နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ဘဝမှာပဲ အိုင်ဒီယာရရင်ရသလို လုပ်ဖြစ်တယ်။ ဥပမာ- ကျွန်တော် ကားမောင်းရင်းနဲ့ ဟာသလေးတစ်ခု စဉ်းစားမိတယ်။ ဒါက လူတွေဖြစ်တတ်တဲ့ဟာလေးကို ဟာသအနေ နဲ့ Presentation ပြလိုက်တော့ အကုန်လုံးသဘောကျကြတယ်။ ဥပမာ- ကားမောင်းရင်းနဲ့ အဘိုးကြီးကို အဘိုးကြီးမှန်း မသိဘဲ ဟေ့လူ.. ခင်ဗျား ဘာညာပေါ့။ အဘိုးကြီးမှန်း သိမှကန်တော့၊ ကန်တော့ဆိုပြီး ပြောရတယ်။

အဲဒီလို ဖြစ်တတ်တာမျိုးလေးကို ကျွန်တော် အရှိ၊အရှိအတိုင်းပြပါတယ်။ ဘောင်ထဲကနေ Troll လို့ရတာလေးတွေကို Troll ပြီး တင်ဆက်ပါတယ်။ ဒါကတော့ ကျွန်တော့် Presentation ပေါ့” လို့ ဂျိုကာက ဖြေပါတယ်။ ဂျိုကာက သူ့ကအားပေးတဲ့ ပရိသတ်တွေအတွက်ကိုလည်း” အခုဒီ ၂ဝ၁၆ ခုနှစ်ထဲမှာ အစီအစဉ်တစ်ခုရှိပါတယ်။ ပရိသတ်တွေ အားပေးနေတဲ့ ဗီဒီယိုတွေနဲ့ပဲ တစ်ခုခုပေါ့။ ကျွန်တော့်ရဲ့Follower တွေ၊ Fan တွေနဲ့ အမှတ်တရအစီအစဉ်တစ်ခုတော့ လုပ်ဖို့ရှိပါတယ်။ အဲဒါက ပျော်စရာကောင်းမှာပါ။ ဒီနှစ်ထဲမှာပါပဲ” လို့ပြော ပါတယ်။

http://popularmyanmar.com/afpopular/


24 Mar 2016     1,368 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment