BEC-TERO TV

ခေါင်းပေါ်က တက်တူးက အတုဖြစ်ကြောင်း ပြသလိုက်တဲ့ Zayn Malik

25 Mar 2016     1,503 Views


Zayn ခေါင်းက တက်တူးကို ပြလိုက်တုန်းက သူ့ရဲ့ပရိသတ်တွေ အလန့်တကြားဖြစ်ခဲ့ရပါတယ်။ One Direction အဆိုတော်ဟောင်း Zayn က သူ့ရဲ့ ချောမောလှပတဲ့ ရုပ်ရည်လေးကို တက်တူးထိုးပြီး ဖျက်ဆီးလိုက်တယ်လို့ ပရိသတ်တွေက နှမြောတသဖြစ်ခဲ့ကြပါတယ်။

အခုတော့ Zayn က အဲဒီတက်တူးဟာ ယာယီသာထိုးထားတဲ့ အတုဖြစ်ကြောင်း သူ့ရဲ့ အယ်လ်ဘမ်သစ်အတွက် တိုက်ရိုက်အစီအစဉ်ပြသချိန်မှာ ပြလိုက်ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုနေတဲ့ ပရိသတ်က သူ့ရဲ့တက်တူးမရှိတော့တာကို ချက်ချင်းသတိထားမိပြီး တစ်ခါတည်း screenshot ရိုက်ထားခဲ့ကြပါတယ်။ Zayn Malik က နဂိုကတည်းက တစ်ကိုယ်လုံး တက်တူးအပြည့်ဖြစ်နေပြီးသား သူပါ။ အခုတော့ သူ့အတွက် စိုးရိမ်နေကြတဲ့ ပရိသတ်ကြီးလည်း စိတ်အေးရပါပြီ ။

Credit : Duwun


25 Mar 2016     1,503 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment