အီစတာ ပွဲတော်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ဒုက္ခသည် တွေရဲ့ ခြေထောက်တွေကို ဆေးကြော
25 Mar 2016 1,752 Views

ခရစ်ယာန် ဘာသာဝင်တွေရဲ့ အီစတာ ပွဲတော် အစမှာပဲ အီတလီ နိုင်ငံ ရောမ မြို့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ဒုက္ခသည် စခန်း တခုထဲက ရွှေ့ပြောင်းဝင်လာသူ တွေရဲ့ ခြေထောက်တွေကို ဆေးကြော ပေးခဲ့ပါတယ်။ ဒီလူတွေထဲမှာ မွတ်ဆလင် တွေလည်း ပါပါတယ်။
ဒုက္ခသည် လက်ခံတဲ့ စခန်း တခုကို ဒီလို ပုပ်ရဟန်း မင်းကြီး ရောက်လာချိန်ဟာ ပဲရစ်နဲ့ ဘရပ်ဆဲလ် တိုက်ခိုက် မှုတွေကြောင့် စိုးရိမ် ထိတ်လန့်နေကြတဲ့ အချိန်နဲ့လည်း တိုက်ဆိုင် နေပါတယ်။ ဘရပ်ဆဲလ် တိုက်ခိုက်မှုတွေကို သွေးဆာ နေတဲ့ စစ်ဘီလူးတွေရဲ့ လုပ်ရပ်အဖြစ် သူက ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။
ကမ္ဘာကြီးမှာ ဘာသာ ယဉ်ကျေးမှုတွေ မတူ ကွဲပြားကြ ပေမယ့် အားလုံး ညီအစ်ကိုတွေ ချည်းပဲမို့ ငြိမ်းငြိမ်းချမ်းချမ်း နေချင် ကြကြောင်းလည်း ပုပ်ရဟန်းမင်းက မိန့်ကြား ခဲ့ပါတယ်။
https://www.facebook.com/bbcburmese/








