BEC-TERO TV

ကလေးကစားစရာ ကားနဲ့ တိုက်မိပြီး လျော်ကြေးတောင်းတဲ့သူ

25 Mar 2016     1,399 Views


ကားတိုက်မှုဟာ တရုတ်အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပါတယ်။ ထူးဆန်းတဲ့ ကားတိုက်မှုတစ်ခု တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Changde မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ကလေးကစားစရာ ကားတစ်စီးဟာ အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့ပါတယ် ။ ဒီလို တိုက်မိတဲ့အခါမှာ အမျိုးသမီးဟာ အလျော်မပေးမခြင်း မထတော့ဘူးဆိုပြီး ကားရှေ့မှာ ထိုင်နေပါတယ်။

ကားမောင်းလာတဲ့ ကလေးရဲ့မိဘတွေနဲ့ အဆိုပါအမျိုးသမီးဟာ လျော်ကြေးအတွက် စကားတွေ များကြပါတယ်။ အသက် ၅ နှစ်အရွယ် ကားမောင်းသမားဖြစ်သူကတော့ အမေဖြစ်သူရဲ့လက်ကိုဆုပ်ပြီး သူ့ရဲ့လုပ်ရပ်အတွက် ရှက်ရွံ့စွာ ကြည့်နေခဲ့ပါတယ်။

အဆိုပါ ကားတိုက်မှုဟာ တရုတ်အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပြီး ကလေးကစားစရာကားဖြစ်ပေမဲ့ တိုက်ခံရသူဟာ အသက်ကြီးနေပြီဖြစ်တာကြောင့် တစ်ခုခုဖြစ်သွားနိုင်တယ်လို့လည်း မှတ်ချက်ပေးသူတွေ ရှိခဲ့ကြပါသေးတယ်။

Credit : Duwun


25 Mar 2016     1,399 Views




RELATED

Most Popular of International News

Most Popular of NEWS