BEC-TERO TV

အီစတာ ရက်သတ္တပါတ်မှာ စစ်ပြေး ဒုက္ခသည်တွေရဲ့ ခြေထောက်ကို ဆေးကြောပေးခဲ့တဲ့ Catholic ဘုန်းကြီး

28 Mar 2016     1,412 Views


ဘရက်ဆဲလ် နှင့် ပါရီ အကြမ်းဖက်မှုတွေ နောက်ပိုင်းမှာ မူစလင် ဆန့်ကျင်ရေး နှင့် ဒုက္ခသည် ခိုလှုံမှု ဆန့်ကျင်ရေးတွေ ဟာ ပိုမို ပြင်းထန်ခဲ့ပါတယ် ။  

ဒါကြောင့် လူမျိုးရေး ဘာသာရေး ငြိမ်းချမ်းရေး အတွက် လွန်ခဲ့သော အီစတာ ရက်သတ္တပါတ်မှာတော့ Catholic ဘုန်းကြီး ဖရန်ဆစ် ( Francis ) ဟာ ဒုက္ခသည် စခန်းတစ်ခုကို သွားရောက်လည် ပါတ်ခဲ့ပြီး Catholic ဘာသာဝင် ဒုက္ခသည် များအပြင် ဘာသာမတူညီသော မူစလင် ၊ ဟင်ဒု နှင့် Orthodox ဘာသာဝင် ဒုက္ခသည်များရဲ့ ခြေထောက်များကို ဆေးကြောခဲ့ပေးပြီး နမ်းရှိုက်ပေးခဲ့ပါတယ် ။

ယခုလို ခြေထောက်ဆေးပေးခြင်းမှာ အီစတာ ကာလတွင် Catholic များ၏ ယဉ်ကျေးမှု ပွဲတော် ဖြစ်ပါတယ် ။

Francis ကို ကြိုဆိုကြောင်းဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဘုတ်ပြားများ ဖြင့် လူထုများက ကြိုဆိုခဲ့ပါတယ် ။

ယခင် စည်းမျဉ်းစည်းကမ်းများအရ ယောက်ျားလေးများကို သာ ဆေးကြောပေးရမည်ဆိုသော အချက်ကို Francis မှ ပြန်လည် ပြင်ဆင်ခဲ့တာကြောင့် ယောက်ျားလေးများသာမက မိန်းကလေးများကို ပါပါဝင်ခဲ့ပါတယ် ။ 


28 Mar 2016     1,412 Views




RELATED

Most Popular of International News

Most Popular of NEWS