BEC-TERO TV

၂ဝ၁၆ ခုနှစ် ထဲမှာ မင်္ဂလာပွဲပြုလုပ်မယ့် မင်းဦး

28 Mar 2016     1,828 Views


မင်းဦးတို့ ချစ်သူစုံတွဲက အကယ်ဒမီပေးပွဲ မတိုင်ခင်မှာ မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်ထားပေမယ့် အချိန် မမီတော့တာကြောင့် ၂ဝ၁၆ ခုနှစ် ထဲမှာ မင်္ဂလာပွဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ “ပထမ ကျွန်တော်စဉ်းစား ထားတာက အကယ်ဒမီ မတိုင်ခင် ကျင်းပမလို့၊ တချို့ အကြောင်းကြောင်း တွေကြောင့် နောက်ကျ သွားတဲ့ သဘောလေးပါ။ ဒီနှစ်ထဲမှာ လုပ်ဖြစ်မလား ဆိုတာကိုတော့ သေချာ မသိသေးပါဘူး။

အကြီး အကျယ်လည်း မလုပ်ချင်ပါဘူး။ ပွဲကို ရိုးရိုးလေး ပဲ လုပ်သွားချင်တယ်။ ရိုးရိုးလေးပဲ အသိပေး သွားချင်တယ်”လို့ မင်္ဂလာပွဲ နဲ့ပတ်သက်ပြီး မင်းဦးက ပြောပါတယ်။ မင်းဦးနဲ့ သူ့ရဲ့ချစ်သူ ခိုင်ဝေသူတို့က ချစ်သူ သက်တမ်း ၁ဝ နှစ် ရှိပြီ ဖြစ်ပြီး ဒီသက်တမ်းကိုတော့ တစ်ယောက် နဲ့ တစ်ယောက် နားလည် မှုတွေနဲ့ တည်ဆောက်ခဲ့ တယ်လို့လည်း သိရပါတယ်။ “အမှန် အတိုင်းပြောရ ရင်တော့ ကျွန်တော့်နှလုံးသား က ရွေးချယ်တာပါ။ သူများတွေ က ပြည့်စုံမှ မဟုတ်ပါဘူး။ ရွေးချယ်ခဲ့တာ ကိုယ့်ရဲ့ နှလုံးသားကို ရွေးချယ်ခဲ့တာပါ။ ကျွန်တော် တို့ ရည်းစား ဖြစ်တာ ဆယ်နှစ်လောက် ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု နဲ့ တည်ဆောက်ခဲ့တာပါ” လို့ မင်းဦးကပြော ပါတယ်။

လတ်တလောမှာ မင်းဦးက ဒါရိုက်တာ ခရစ်စတီးနားခီ ရိုက်ကူးမယ့် “ဥပါယ်တံမျဉ်” ဇာတ်ကားကို ဇဏ်ခီ၊ သက်မွန်မြင့်၊ ခြူးစစ်ဟန် တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီး မှာ ဆရာဝန် တစ်ယောက် အဖြစ် သရုပ်ဆောင်မယ့် မင်းဦး က ဒီဇာတ်ကား ရိုက်ကူးဖြစ်ပုံ နဲ့ ပတ်သက်ပြီး “ကျွန်တော်က ဒီ Central Production က ကလေးတွေနဲ့ ပထမ တစ်ကား ရိုက်ကူးပြီး သွားပြီ။ အခု ရိုက်ကူးမယ့် ဇာတ်ကားက ဒုတိယ တစ်ကားပါ။ သူတို့ရိုက်ကူးတဲ့ Presentation တွေ၊ သူတို့ ရိုက်ကူးတဲ့ ပုံစံတွေ၊ Camera Work တွေ က ကျွန်တော်တို့ လောလောဆယ် ရိုက်ကူးနေတဲ့ ပုံစံတွေနဲ့ မတူဘူး။

အဲဒီအချိန် ကတည်းက သူတို့ကို စိတ်ဝင်စားတယ်။ သူတို့ ဘာလုပ်မလဲ။ သူတို့ ဘယ်လို Presentation လုပ်မလဲဆို တာကို စိတ်ဝင်စားခဲ့တယ်။ ဒီကလေးတွေကို လည်း ယုံကြည်တယ်။ ကျွန်တော် တို့ဆီမှာရှိတဲ့ ပရိသတ်တွေ ကိုလည်း အဲဒီလိုမျိုး ဇာတ်ကားတွေကို ကြည့်စေချင်တယ်။ မြင်စေချင်တယ်” လို့ ပြောပါတယ်။

http://popularmyanmar.com/afpopular/


28 Mar 2016     1,828 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment