BEC-TERO TV

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် နိုင်ငံခြားသား လူငယ်တစ်ဦး အ၀တ်အစားမပါဘဲ အမြင်မတော် သွားလာနေသဖြင့်

28 Mar 2016     1,705 Views


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရွှေဆံတော်ဘုရားနှင့် အာနန္ဒာဘုရားအကြား အနော်ရထာလမ်းမတွင် မတ် ၂၅ ရက် ညနေပိုင်းက နိုင်ငံခြားသားလူငယ်တစ်ဦး အ၀တ်အစားမပါဘဲ လှုပ်ရှားသွားလာနေရာ သက်ဆိုင်ရာက လာရောက် ဟန့်တားပြော ဆိုသော်လည်း ပြန်လည် ရန်ပြုနေသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ဒေသခံများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။

“အ၀တ်အစားမပါဘဲ လာတဲ့ကားတွေကိုလည်း အနှောင့်အယှက်ပေးတယ်။ လာရောက်တားမြစ်ပြောဆိုတဲ့ Tourism ရဲကိုလည်း ရန်လုပ်တယ်။ သူနဲ့ပါလာတဲ့ သူ့သူ ငယ်ချင်းကလည်း ချုပ်ထားလိုက်ပါတဲ့။ သုံးနာရီလောက်ဆို ကောင်းသွားမှာပါ ပြောသွားတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါ အသက် ၂၀ ၀န်းကျင်ရှိ Mr.Felix ဆိုသူသည် အင်္ဂလန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ပုဂံမြို့သစ်ရှိ ဟိုတယ်တွင် တည်းခိုနေသူဖြစ်ကြောင်း၊ ၎င်းအား ရဲမှ ထိန်းသိမ်းပြီးနောက် ညောင်ဦးခရိုင်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သည့် စစ်ဆေးမှုများ၊ ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit ; http://news-eleven.com/


28 Mar 2016     1,705 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS