မြွေရောင်းသူ
28 Mar 2016 2,511 Views

တောသူတောင်သားတွေက မြွေဆိုးလို့ခေါ်တဲ့ မြွေပွေးနဲ့ မြွေဟောက်တွေကို သတ်၊ ခေါင်းဖြတ်ပြီး ပြည်မြို့ပေါ့်မှာ တလမ်းဝင် တလမ်းထွက် လမ်းလျှောက် လိုက်လံရောင်းချသူတွေကို မကြာခဏတွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် အခုလို ပူအိုက်တဲ့ရာသီဥတုမျိုးမှာ မြွေဆိုးတွေကို တွင်းတွေထဲက လိုက်ဖမ်းပြီး ပြည်မြို့ပေါ်က လာရောင်းလေ့ရှိပါတယ်။
လိုက်လံရောင်းချသူတွေကတော့ ပဲခူးရိုးမအနီး ပေါက်ခေါင်းမြို့နယ်ထဲက တောရွာတွေကနေ လာရောင်းကြတယ်လို့သိရပါတယ်။ တချို့မြွေသားကြိုက်သူတွေအတွက်တော့ ဟင်းစားဖြစ်သလို မြွေသည်းခြေတွေကို ဆေးမြီးတိုအဖြစ် အသုံးပြုလိုသူတွေက ဝယ်လေ့ရှိပါတယ်။ ပုံမှာမြင်ရတဲ့ တိုတိုတုတ်တုတ်နဲ့ မြွေပွေးကို ၅၀၀၀ ကျပ်နဲ့ရောင်းမှာဖြစ်ပြီး ခပ်ရှည်ရှည် မြွေဟောက်ကိုတော့ ၃၀၀၀ ကျပ်နဲ့ ရောင်းမယ်လို့ပြောပါတယ်။
Credit ; The Irrawaddy (Burmese Version)








