BEC-TERO TV

ဘီယာမသောက်ရလို့ သောင်းကျန်းနေတဲ့ မျောက်ကလေး

29 Mar 2016     1,933 Views


မျောက်ကို ဘီယာများတိုက်ကျွေးခဲ့သောကြောင့် အဆိုပါမျောက်သည်ဘီယာမသောက်ရပါက အော်ပာစ်တောင်းဆိုတတ်သည်ကို တွေ့ခဲ့ရသည်။

ယင်းဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်တွင် တင်ရှိခဲ့ခြင်းဖြစ်သည်။

အာဖရိကတိုက်ရှိ ဂါဘွန်နိုင်ငံတွင် မျောက်ကို ဘီယာတိုက်ပြီး ကြိုက်နှစ်သက်အောင် အကျင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မျောက်မှာဖမ်းချုပ်ခံထားရသည့် မျောက်တစ်ကောင်ဖြစ်သည်။

မျောက်ပိုင်ရှင်သည် ဘီယာပုလင်းကို ကိုင်ဆောင်ပြီး မျောက်ထံကို ပေးခဲ့သည်။

ယင်းနောက် မျောက်သည် လက်နှစ်ဖက်ဖြင့် ဘီယာကို အငမ်းမရသောက်သုံးတော့သည်။

ထိုအခါ မျောက်ပိုင်ရှင်က ဘီယာပုလင်းကို ရုတ်တရက်ဆွဲယူသိမ်းလိုက်သည်။

ဘီယာကိုစွဲလန်းနေသော မျောက်သည် အငမ်းမရတောင်းဆိုမူပြုတော့သည်။

မျောက်သည် မူးယစ်ဆေးသုံးစွဲသူတစ်ဦး ဆေးဖြတ်သလိုမျိုးဆိုးဆိုးဝါးဝါး အော်ပာစ်သည့်အပြင်
မြေကြီးပေါ်တွင်ပုံစံမျိုးစုံပြုမူကာ ဘီယာပုလင်းပြန်ပေးရန်တောင်းဆိုခဲ့သည်။

ယင်းကို ပတ်ဝန်းကျင်ရှိလူများက သဘောကျ ရယ်မောခဲ့သည်။

ထို့နောက် မျောက်သည်ဘီယာပုလင်းပြန်ရသည့်အခါ ကျေနပ်သွားသည်။

ယင်းနောက် မျောက်ကို ဒုတိယမျောက် ဘီယာပုလင်းပေးပြီးသောက်စေခဲ့သည်။

ထိုအခါ မျောက်သည် ဘီယာကို အားပါးတရ။

မျောက်ကို ဘီယာာသောက်တတ်အောင် အကျင့်ပြုလုပ်ထားသောကြောင့် မသောက်လျှင်မနေနိုင်တော့သည့် အခြေအနေကို ရောက်သွားခြင်းဖြစ်သည်။


29 Mar 2016     1,933 Views




RELATED

Most Popular of International News

Most Popular of NEWS