BEC-TERO TV

ဖုန်း အသုံးပြု အခွန်ကို ဖုန်းခေါ်ဆိုတဲ့ အချိန်မှ မိနစ်အလိုက်ကောက်ခံမည်

30 Mar 2016     1,469 Views


မိုဘိုင်း ဖုန်းဘေလ်ဖြည့်ရင် ကောက်ခံမယ့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ဖုန်းခေါ်ဆိုတဲ့ မိနစ်အလိုက် ကျသင့်တဲ့ငွေအပေါ် ကောက်ခံသွားမယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်း အသုံးပြုသူတွေကို အခွန်ကောက်ခံတာကို ဖုန်းဘီလ်ဖြည့်ရင် ကောက်ခံမယ်လို့ ကြေညာခဲ့ပေမဲ့ ဖုန်းအသုံးပြုတဲ့ ပမာဏအပေါ်မှာ ကောက်ခံတဲ့ စနစ်ကို ပြောင်းလဲအသုံးပြုသွားမယ်လို့ သိရပါတယ်။

‘‘ဖုန်းဘီလ်တစ်ထောင် ဖြည့်မယ်ဆိုရင် တစ်ထောင်အတိုင်းပဲ အပြည့်ရမှာပါ။ အဲဒီအပေါ်မှာ ကောက်ခံဖို့ မရှိပါဘူး။ တကယ်လို့ အဲဒီထဲကနေ ဖုန်းတစ်မိနစ် ပြောမယ်ဆိုရင် ဖုန်းပြောခ ၁၈ ကျပ်အပြင် အခွန် ငါးရာခိုင်နှုန်းကိုပါ ကောက်ခံမှာပါ’’ လို့  တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် ပတ်တာဖာဘတ်က ပြောပါတယ်။

ဒီိလို သုံးစွဲသူတွေဆီကရတဲ့ အခွန်ငါးရာခိုင်နှုန်းကို အစိုးရဆီကို လစဉ်ပေးသွင်းသွားမှာဖြစ်ပြီး အော်ပရေတာတွေအနေနဲ့ အကျိုးအမြတ် တစ်စုံတရာရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံ အခွန်ဥပဒေအသစ်အရ မိုဘိုင်းဖုန်းအသုံးပြုသူများဆီကနေ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမှာကို ၂၀၁၅ မေလ ၁၈ ရက်မှာ အစိုးရက ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က တစ်နှစ်ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ကာ၂၀၁၆ ဧပြီ ၁ ရက်မှာ စတင်ကောက်ခံမယ်လို့ ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံးက ကြေညာထားပါတယ်။


30 Mar 2016     1,469 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS