BEC-TERO TV

Terminator 6 မှာလဲ ထပ်ပါလာအုံးမယ့် အာနိုး

30 Mar 2016     1,659 Views


၁၉၈၄ ခုနှစ်က ပထမဆုံး Terminator ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြသခဲ့ပြီး အခုဆိုရင် ၅ကားတိတိ ပြသပြီးခဲ့ပြီး ဖြစ်ပါတယ် ။ နောက်ဆုံးထွက်ထားတဲ့ Terminator 5 မှာ အာနိုးဟာ ဇာတ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့သလို နောက်ထပ်ထွက်ရှိလာမယ့် Terminator 6 မှာလည်း ခေါင်းဆောင်မင်းသားအနေနဲ့ပဲ သရုပ်ဆောင်ဦးမယ့်အကြောင်း အတိအလင်း ပြောကြားလိုက်ပါတယ်။

" ကျွန်တော် အကောင်းဆုံးထပ်ကြိုးစားသွားဦးမှာပါ " လို့ အာနိုးရှာဇန်ဂျာ ပြောကြားခဲ့ပြီး Terminator ဇာတ်ကားတိုင်းမှာ သူသရုပ်ဆောင်ခဲ့တာဟာ ဇာတ်ညွှန်းထဲမှာပါတဲ့ သရုပ်ဆောင်ချက်တွေအပြင် တကယ်ရိုက်ကူးတဲ့အချိန်မှာ သူ့ခံစားချက်နဲ့ အကောင်းဆုံးဖြည့်စွက်သရုပ်ဆောင်ခဲ့တာပါလို့လည်း ပြောကြားခဲ့ပါသေးတယ်။

Terminator 6 ကို ရိုက်ကူးမယ့်နေ့ရက်၊ ရုံတင်ပြသမယ့်နေ့ရက်အပါအဝင် ဇာတ်ကားနဲ့ပတ်သက်တဲ့တခြားအချက်အလက်တွေ အတိအကျမသိရသေးပေမယ့် ရှေ့ပိုင်းမှာ ထွက်ရှိခဲ့တဲ့ဇာတ်ကားတွေလိုပဲ ပရိသတ်ကို အကောင်းဆုံးဆွဲဆောင်သွားနိုင်မယ်လို့ ယူဆရပါတယ်။

Credit : Duwun


30 Mar 2016     1,659 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment