BEC-TERO TV

အံ့အားသင့်စွာ ရှံးနှိမ့်မှုကို ကြုံတွေ့လိုက်ရတဲ့ ရီးရဲလ်မက်ဒရစ် နှင့် အဝေးကွင်းမှာ သရေ ရယူနိုင်ခဲ့တဲ့ မန်စီးတီး တို့ရဲ့ ချန်ပီယံလိဂ်ည

07 Apr 2016     1,328 Views


ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့ ပွဲစဉ်တွေအပြီးမှာ ရီးရဲလ်မက်ဒရစ်က ဝုလ်ဘတ်ကို အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်ပြီး  မန်စီးတီးကတော့ ပီအက်စ်ဂျီနဲ့ သရေကစားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကပဲ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာကို နိုင်ထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီနေ့ အဝေးကွင်းပွဲစဉ်မှာရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ဝုလ်ဘတ်အသင်းက ပထမပိုင်း ပွဲချိန် ၁၈ မိနစ်မှာတင် ရိုဒရီဂွက်ဇ်ရဲ့ ပင်နယ်တီဂိုးနဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ခါ ၂၅ မိနစ်အရောက်မှာ အာနိုးလ်က ဒုတိယဂိုးသွင်းလိုက်တဲ့အတွက် ရီးရဲလ်မက်ဒရစ် ရဲ့ ချန်ပီယံလိဂ်အနာဂတ်ကို မသေမချာ ဖြစ်သွားစေခဲ့တာပါ။

ဘင်ဇီမား၊ တိုနီခရူးစ်နဲ့ ဂါရက်ဘေးလ်တို့ရဲ့ ဂိုးပေါက်ကန်သွင်းချက်တွေ ပထမပိုင်းမှာ အလွန်နီးစပ်ခဲ့ပေမယ့် ဂိုးတော့မရခဲ့ပါဘူး။

တိုက်စစ်မှူး ဘင်ဇီမားဒဏ်ရာ ရသွားတဲ့အတွက် ရီးရဲလ်မက်ဒရစ် ထပ်ပြီး အထိနာခဲ့ရပါတယ်။

မန်စီးတီးအသင်းက အဝေးကွင်းပွဲစဉ်မှာ ပီအက်စ်ဂျီနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ၂-၁ ဂိုးနဲ့ ဦးဆောင်နေမှုကို ဖာနန်ဒင်ဟိုက ချေပဂိုး သွင်းနိုင်ခဲ့လို့ မန်စီးတီးဟာ အဖိုးတန်တဲ့ အဝေးဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

အစောပိုင်းမှာ ပီအက်စ်ဂျီအသင်း ပင်နယ်တီကန်ခွင့်ရပေမယ့် ဂိုးသမား ဂျိုးဟတ် ကာကွယ်နိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုးကို မန်စီးတီးရဲ့ ဒီဘရိုင်းက ၃၈  မိနစ်မှာ အရင်သွင်းတာဖြစ်ပြီး ၄၁ မိနစ်မှာ အီဗရာဟီမိုဗစ်ခ်ျကြောင့် ပီအက်စ်ဂျီချေပဂိုး ရပါတယ်။

၅၉ မိနစ်မှာ ရာဘီရော့ကြောင့် ပီအက်စ်ဂျီ ဦးဆောင်ဂိုး ရပေမယ့် ဖာနန်ဒင်ဟိုက ၇၂  မိနစ်မှာ ပြန်ပြီး ချေပနိုင်ခဲ့ပါတယ်။

 

အားသ


07 Apr 2016     1,328 Views




RELATED

Most Popular of International News

Most Popular of Sport