BEC-TERO TV

ကိုကိုတွေ ဖတ်ဖို့ …. လိင်စွမ်းဆောင်ရည်ကို ထိခိုက်စေသော အရာများ

07 Apr 2016     1,598 Views


လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားမှုသည် ဦးခေါင်း၌ စတင်ဖြစ်ပေါ် ပြီး ခန္ဓာကိုယ်အောက်ပိုင်းသို့ ရောက်ရှိသွားသဖြင့် စိတ်ဓာတ်ကျခြင်း ကြောင့် လိင်မှုဆန္ဒကို အားလျော့စေနိုင်သည်။
 
 
စိတ်ဓာတ်ကျခြင်းအတွက် အသုံးပြုသော ဆေးဝါးအမျိုးအစား များစွာမှာလည်း လိင်စိတ်ကို လျော့ပါးစေနိုင်သည်။
 
အရက်အလွန်အကျွံ သောက်ခြင်းကြောင့် လိင်မှုကိစ္စ ပြီးမြောက်ရန် အခက်ကြုံနိုင်ပြီး လိင်အင်္ဂါကို ကမောက်ကမ ဖြစ်စေနိုင်သည်။
 
သို့သော် ယင်းအကျိုးသက်ရောက်မှုများမှာ ယေဘုယျအား ဖြင့် ခေတ္တခဏသာ ကြုံတွေ့ရတတ်သည်။
 
တစ်နေ့လျှင် အရက်တစ်ပက် (သို့) နှစ်ပက် သောက်ပေးခြင်းဖြင့် လိင်ကမောက်ကမဖြစ်နိုင်သည့် အန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း သိရသည်။
 
အလုပ်နှင့်နေအိမ်တို့တွင် စိတ်ဖိစီးမှုများ ကြုံတွေ့ရခြင်းကြောင့်လည်း သင်၏ ပုံမှန်လိင်မှုဘဝကို ထိခိုက်နိုင်သည်။ လူနေမှုဘ၀ ပုံစံပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ လိုအပ်ချိန်အတွင်း ပညာရှင်၏ အကူအညီရယူခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်သည်။
 
ဒေါသထွက်ခြင်းကြောင့်လည်း လိင်မှုစွမ်းဆောင်ရည်အပေါ် ထိခိုက်နိုင်ပြီး အိပ်ခန်းထဲ၌ စွမ်းဆောင်နိုင်မှု ပြဿနာများ ကြုံတွေ့ နိုင်သည်။
 
ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ထက် ပိုများနေခြင်း ကြောင့်လည်း သင်၏ လိင်မှုကိစ္စ စွမ်းဆောင်ရည်ကို ထိခိုက်နိုင် သည်။ အဝလွန်ဖြစ်နေသော အမျိုးသားများတွင် ဖိုဟော်မုန်းပမာဏ လျော့နည်းပြီး ယင်းဟော်မုန်းမှာ လိင်စိတ်ဆန္ဒနှင့် လိင်အင်္ဂါအတွက် အရေးကြီးသော ဟော်မုန်းဖြစ်သည်။
 
ကိုယ်အလေးချိန်ပိုများနေခြင်းကြောင့် သွေးတိုးနိုင်ပြီး သွေး ကြောများကို မာကျောသွားစေသဖြင့် လိင်အင်္ဂါသို့ သွေးစီးဆင်းမှု ပမာဏလျော့ကျသွားနိုင်သည်။
 
ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောများ မာကျော ခြင်း၊ ကျောရိုးဒဏ်ရာရခြင်းစသော အာရုံကြော၊ ကြွက်သားနှင့် သွေးစီးဆင်းမှုကို ထိခိုက်စေသည်။ ကျန်းမာရေးပြဿနာများကြောင့် လိင်အင်္ဂါပြဿနာများ ကြုံတွေ့နိုင်သည်။
 
သုက်လွှတ်ဂလင်း (သို့) ဆီးအိမ်ပြဿနာများအတွက် ခွဲစိတ် မှု ခံယူထားရခြင်းကြောင့်လည်း အာရုံကြောများ သွေးကြောများကို ထိခိုက်စေသဖြင့် လိင်အင်္ဂါပြဿနာ ကြုံတွေ့နိုင်သည်။
 

07 Apr 2016     1,598 Views




RELATED

Most Popular of Special or Others

Most Popular of NEWS