BEC-TERO TV

သနပ်ခါးနှင့် လှပနေသော မြန်မာ့ အမျိုးသမီးများ

21 Apr 2016     3,038 Views


သနပ်ခါးဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ထင်ရှားကျော်ကြားလှသော လူမှု့သဘာဝ အသုံးအဆောင် တစ်ခုဖြစ်ပါတယ်။ သနပ်ခါးဆိုတာ မျက်နှာမှာတင် လိမ်းလို့ ရတဲ့ အရာမဟုတ်ဘဲ ဆေးဘက်လည်း ဝင်ပါသေးတယ်။ ခုလို နွေရာသီဆိုရင် ပိုလို့တောင် အသုံးတည့်ပါတယ်။

နွေနေပူပူ ဒဏ်ကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးသော အရာဖြစ်မယ်ဆိုရင် မှားမယ် မထင်ပါ။ သနပ်ခါးဟာ မြန်မာ့ အမျိုးသမီးတွေ အတွက်တော့ တကယ့် သဘာဝ မိတ်ကပ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် လှပစေတယ်။ တင့်တယ် စေတယ်။ အခြားသော မိတ်ကပ်တွေ ဘယ်လောက် ကောင်းတယ်ပြောပြော သနပ်ခါးလေး လိမ်းထားတာကကို ဆွဲဆောင်မူ တစ်ခု ဖြစ်စေပါတယ်။ ဒါ့အပြင် သနပ်ခါးကို မြန်မာလူမျိုးများတင် ကြိုက်တာ မဟုတ်။

မြန်မာပြည်သို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသည်တွေလည်း ကြိုက်နှစ်သက်ပါတယ်။ သနပ်ခါးလိမ်းတာဟာ အသားအရေ အတွက် ဘာဆိုကျိုးမှ မရှိ လူတိုင်းနဲ့ သင့်တော် ပါပေတယ်။ ဒါကြောင့် သနပ်ခါးနဲ့ လှပနေသော မြန်မာ အမျိုးသမီးလေးတွေ ပုံတွေကို တင်ဆက်ပေး လိုက်ရပါတယ်။

 

 

 

 

https://www.facebook.com/YoYarLay/


21 Apr 2016     3,038 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS