၈နှစ်အရွယ်သားဖြစ်သူမွေးနေ့မှာ အဖော်အချွတ်အကမယ်ငှားပေးခဲ့တဲ့မိခင်
21 Apr 2016 2,528 Views

အဖော်အချွတ်အကမယ်တစ်ယောက်က ကလေးငယ်ငယ်လေးရဲ့ရှေ့မှာ Sexy Danceကပြနေတဲ့ ဗီဒီယို လွန်ခဲ့တဲ့ရက်ပိုင်းက အင်စတာဂရမ်ပေါ်ကို တက်လာခဲ့ပါတယ်။ ထိုဗီဒီယိုတင်ပြီးမကြာခင်မှာပဲ social media ပေါ်မှာ လျှင်မြန်စွာ ပျံ့နှံခဲ့ပြီး ကြည့်ရှုသူများစွာ ရှိခဲ့ပါတယ်။
ဗီဒီယိုထဲမှာ ကလေးတစ်ယောက်ဟာထိုင်နေပြီး အဖော်အချွတ်အကမယ်က ကလေးရှေ့မှာ တင်ပါးလှုပ်ပြီးကနေပါ တယ်။ ထိုအမျိုးသမီးက ပန်ေးရာင် အတွင်းခံအင်္ကျီကိုဝတ်ဆင်ထားပြီး ကလေးရှေ့မှာ အချိန်တော်တော်ကြာကနေခဲ့ပါတယ်။ဒီဗီဒီယိုကို ဖလော်ရစ်ဒါပြည်နယ် Tampa မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်။
မှတ်ချက်ပေးခဲ့သူများပြားခဲ့ပြီးတစ်ယောက်ကတော့“အမေဖြစ်သူကို ထောင်ထဲပို့သင့်ပါတယ်။ ပြီးတော့ အကမယ်ကိုလည်း ဒဏ်ငွေရိုက်သင့်ပါတယ်လို့”မှတ်ချက်ပြုခဲ့ပြီး အခြားတစ်ယောက်ကတော့ “ရွံဖို့ကောင်းလိုက်တာ”လို့ဆိုခဲ့ပါတယ်။
Credit:Shwemom









