BEC-TERO TV

မိန်းမစစ် စစ်ဖြစ်သွားပြီးဖြစ်တဲ့ မထက်

22 Apr 2016     1,297 Views


မိန်းမလိုဝတ်ထားပြီးသားကို တစ်သက်လုံးသေသည်အထိမိန်းမလိုပဲ နေမယ် ဆိုပြီး မိတ်ကပ် မထက် ပြောခဲ့ဘူးပါတယ်။ ခုဆိုရင် မိတ်ကပ်မထက်က မိန်းမစစ်စစ်တစ်ယောက်ဖြစ်သွားပါပြီ။ April လထဲမှာ လိင်ခွဲစိတ်ကုသလိုက်တာဖြစ်ပါတယ် ။ ဘန်ကောက်ရောက်နေတဲ့ အဆိုတော် Ar-T ကလဲ သူငယ်ချင်း မထက် ရဲ့ ခွဲစိတ်မှုကို လူနာ သတင်းလာမေးခဲ့ပါသေးတယ် ။မိတ်ကပ် မထက် ဆိုတာ အထွေအထူးမိတ်ဆက်ရမယ့်သူလည်းမဟုတ်ပါဘူး။ ဒီဇိုင်နာတစ်ယောက် ၊မိတ်ကပ် Artist တစ်ယောက်ဖြစ်တဲ့ မထက်ဟာ Gay တစ်ယောက် အဖြစ်မိမိဘ၀ကို လွတ်လပ်စွာစိတ်တိုင်းကျဖြတ်သန်းဖို့ သတ္တိတွေရှိနေသူပါ ။ မိန်းမသားတစ်ယောက်ဘ၀ကို ရရှိဖို့ ခေတ်မီဆေးပညာတွေရဲ့ အကူအညီနဲ့ အသံပိုင်းဆိုင်ရာ ကိုခွဲစိတ်ပြုပြင်ပြီးသလို၊နောက်ဆုံးအရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ လိင်ခွဲစိတ်မှုလုပ်ဖို့လည်း စိတ်အားထက်သန်နေကာ ခွဲစိတ်ဖို့အစီအစဉ်ရှိ ခဲ့ပြီး အခုဆို အောင်မြင်စွာ ခွဲစိတ်ပြီး ပြောင်းလဲ သွားပြီ ဖြစ်ပါတယ် ။

Credit:Myanmar Artists world


22 Apr 2016     1,297 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment