BEC-TERO TV

ပိုင်တံခွန်ရဲ့ ကားဖျက်စီးခံရ

22 Apr 2016     1,336 Views


မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်၏ ကားမှာ ၂၁- ၄- ၂၀၁၆ရက် နံနက် ၁နာရီက တာမွေမြို့နယ် မေတ္တာညွှန့်ရှိ ၎င်းနေအိမ်ရှေ့တွင် ရပ်ထားစဉ် လူတစ်စုက လာရောက် ဖျက်စီးခဲ့တယ်လို့သိရပါတယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး ပိုင်တံခွန်က ``ည ၁ နာရီ မှာ ကျနော်ကားကို ဒီလို တွေ ဘီး ၄ ဘီးလုံးဖောက် အရှေ့/အနောက်/ဘေးမှန်တွေ ရိုက်ခွဲပီး ကားမောင်းထွက်ပြေးသွားတယ်။ လူမဆန်တဲ့ လုပ်ရပ်မို့လို့ ဘာကြောင့် သူတို့ဒီလိုလုပ်လည်းကျနော်မသိပါဘူး။ ကျနော်အလုပ်ကို ကျနော်ကြိုးစားရင်း ကျနော်မိသားစုကို ကျနော် ထောက်ပံ့တယ်။ အားလုံးနဲ့ အဆင်ပြေအောင်နေတယ် ။ ဘယ်သူနဲ့မှ ရန်ညိုးရန်စဆိုတာမရှိဘူး။ သိချင်တာတခုဘဲရှိတယ် ဘာကြောင့်ဒီလိုလုပ်ရလည်းဆိုတာဘဲ။ ပစ္စည်းပျက်ရင်ပြန်ပြင်လို့ရပါတယ်။ ဘယ်သူမပြုမိမိမှုတဲ့ ၊ ကိုယ်အကောင်းဆုံးနေပေမယ့် တချိန် တစ်နေရာ တစ်ဘဝ က ပြုခဲ့တဲ့ မကောင်းမှု ဝဋ်ကြွေးပဲသဘောထားတယ်´´´လို့ ပြောထားပါတယ်။

Credit :Paing Takhon


22 Apr 2016     1,336 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment