BEC-TERO TV

ရေထဲမှာ သိုင်းကျင့်နေတဲ့ ဦးကျော်သူ

22 Apr 2016     1,893 Views


ဦးကျော်သူ တစ်ယောက်ကတော့ သိုင်းလောကထဲကို ဝင်ဖို့အတွက် ရေထဲမှာ သိုင်းကျင့်နေပါတယ်လို့ ဆိုပါတယ်။ ဦးကျော်သူတစ်ယောက် ရေကသိုင်းကျင့်စဉ်ကို ကျင့်နေတဲ့ ပုံရိပ်တွေကို သူရဲ့ဖေ့စ်ဘွတ်ခ်မှာ တင်ထားပါတယ။် ရန်ကုန်သိုင်းလောကထဲကို ဝင်ဖိုက်ဖို့အတွက် ရောက်တဲ့နေရာမှာ ရသလို ဘက်စုံကျင့်နေခြင်းဖြစ်တယ်လို့လည်း ရေးထားပါသေးတယ်။

အမှန်တော့ ရေထဲမှာ သိုင်းကျင့်နေတယ်ဆိုတာ တစ်ကယ်မဟုတ်ပါဘူး။ ဒါကလည်း မိသားစုနဲ့အတူ ခရီးထွက်နေချိန်မှာ ပျော်ရွှင်နေတဲ့ ဦးကျော်သူက ပရိသတ်တွေကို အပျော်ကူးစက်စေဖို့ သူပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးတာ ဖြစ်တယ်လို့ ပြောပြထားပါသေးတယ်။

http://www.duwun.com.mm/


22 Apr 2016     1,893 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment