BEC-TERO TV

MBAဘွဲ့ရထားပေမယ့် အပြာမင်းသမီးဘဝကိုရွေးချယ်ခဲ့သူ

23 Apr 2016     1,357 Views


အာရှနိုင်ငံတွေမှာတော့ အပျိုအရွယ်လေးတွေဟာ ဆင်းရဲလွန်းလို့ လိင်လုပ်သားတွေ အဖြစ်လုပ်ကိုင်နေရာချိန်မှာအမေရိကန်သူ Alixကတော့ Marketing MBA ဘွဲ့တစ်ခု ပိုင်ဆိုင်ထားပေမယ့် အပြာမင်းသမီးဘဝကိုပဲရွေးချယ်ခဲ့ပါတယ်။သူမကဘွဲ့အကောင်းစားတစ်ခုရထားပေမယ့်အဲ့ဒိဘက်ကို ကျောခိုင်းပြီး အပြာရုပ်ရှင်လောကကို ဦးတည်ခဲ့တာပါ။သူက Communitcation မှာ ဒီဂရီတစ်ခုရထားပြီး Marketing မှာ MBAဘွဲ့ရထားပါတယ်။

ရုံးအလုပ်တွေလည်းစတင်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ သူမက ငယ်ငယ်လေးကတည်းကဒီလိုမင်းသမီးဖြစ်ချင်တာကိုအပြာမင်းသမီးတွေအကြောင်းရိုက်ပြထားတဲ့ Documentary ကိုကြည့်ပြီးနောက်ပိုင်းမှာ ပြန်လည်သတိရခဲ့တာပါ။ Cosmopolitan.com ကိုပြောခဲ့ရာမှာတော့“ဒီရုပ်ရှင်လောကကိုဝင်ဖို့ ဆိုတာ ငယ်ငယ်လေးကတည်းက လုပ်ချင်ခဲ့တာပါ။ ကျွန်မရဲ့သူငယ်ချင်းတွေကလည်းသိပါတယ်။ ကျွန်မသူငယ်ချင်းတွေရဲ့ အိမ်မှာ Playboy မဂ္ဂဇင်းတွေတွေ့တိုင်း အဲ့ဒိထဲက မော်ဒယ်တွေနေရာမှာကျွန်မဖြစ်ချင်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

New York မှာကြီးပျင်းခဲ့တဲ့ Alix ဟာ ဒီရည်မှန်းချက်ကို သူ့ဘာသာပဲသိမ်းထားခဲ့ပြီး မိဘတွေနဲ့အဆင်ပြေအောင်ကောလိပ်ပြီးတဲ့အထိကျောင်းဆက်တက်ခဲ့ပါတယ်။ Alixရဲ့အဖေဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့လုပ်သားတစ်ယောက်ဖြစ်ပြီး အမေကတော့ PhDဘွဲ့ရတစ်ယောက်ပါ။သူမမှာရည်းစားတစ်ယောက်ရှိပါတယ်။ သူမရဲ့ရည်းစားကလည်း အကယ်၍ အပြာမင်းသမီးလုပ်မယ်ဆိုရင်လမ်းခွဲခဲ့မယ်လို့ ပြောခဲ့လို့ အစပိုင်းမှာ သူမ အပြာလောကထဲကိုမဝင်ခဲ့တာပါ။

Digital Marketing မှာMBAရပြီးနောက် Public Relation အလုပ်တစ်ခုနဲ့ အလုပ်စတင်လုပ်ကိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အလုပ်အရမ်းတော်တာကြောင့်AccountExecutive ခြောက်လအတွင်းမှာ ဖြစ်လာခဲ့ပါတယ်။သူမရဲ့ဘော့စ်က ဖောက်သည်အချို့ဆုံးရှုံးရအပြီးမှာတော့ သူမလည်း စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ ဒါနဲ့သူငယ်ချင်း ယောက်ျားလေးတစ်ယောက်နဲ့စကားပြောရင်းအဲ့ဒိကောင်လေးကWebcamGirlတွေအကြောင်း ပြောတာကိုအမှတ်မထင်ကြားလိုက်ရာကနေ ခေါင်းထဲမှာ အတွေးတစ်ချက်ရသွားခဲ့ပြီး သူမကိုတိုင် Webcam Girl စတင်လုပ်ကိုင်ခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ်မှာတော့ Webcam girl အဖြစ်နဲ့ အချိန်ပြည့်စတင်လုပ်ကိုင်ပြီး အရင်အလုပ်ကိုထွက်လိုက်ပါတယ်။ သူ့အိမ်က အစကတော့ သဘောမတူပါဘူး။ နောက်တော့သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားတာကြောင့်ဆက်ပြီး မတားတော့တာပါ အခုအချိန်မှာတော့ Alix ဟာ အပြာရုပ်ရှင်လောကရဲ့ ထိပ်ဆုံးနေရာကိုရောက်ဖို့ကြိုးစားနေပြီးဖြစ်ပါတယ်။ Credit:Shwemom


23 Apr 2016     1,357 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment