BEC-TERO TV

မျက်နှာအသားရေထိန်းသိမ်းဖို့ homemade ပေါင်းတင်ဆေး(၆)မျိုး

23 Apr 2016     1,882 Views


(၁) ရေနွေးကြမ်းနဲ့ ပျားရည်
 
လက်ဖက်ခြောက်များများနဲ့ ရေနွေးအဖြူအနည်းငယ်ကို စိမ်လိုက်ပါ၊ အဲဒီနောက်ရေနွေးအေးပြီဆိုလျှင် ပျားရည်သင့်တင် အောင် ထည့်ပြီး မွေကာ မျက်နှာအစရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သုတ်လိမ်းပေးပါ။ အကောင်းဆုံးကတော့ ရေမချိုးခင် မိနစ်(20)လောက်အလိုမှာ ပေါင်းတင်တာ အကောင်းဆုံးပါဘဲ။

(၂) မြင်းစားဂျုံမှုန့်နဲ့ သံပုရာရည်
 
မြင်းစားဂျုံမှုန့်မှာ အသားရေကိုထိန်းသိမ်းပေးတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ မြင်းစားဂျုံမှုန့်အနည်း ငယ်ထဲကို ပျားရည် လေးငါးစက်လောက် ချပြီး၊ ရေအနည်းငယ်ထည့်ကာ ခပ်ပြစ်ပြစ်ကလေးဖြစ်အောင် နယ်ပေးပါ။ ပြီးရင် ပေါင်းတင်လို့ရပါပြီ။ မိနစ်(20)လောက်ကြာရင် ရေသန့်သန့်နဲ့ ဆေးကြောပါ။
 
(၃) နနွင်းနဲ့ သံပုရာရည်
 
နနွင်းအနည်းငယ်ထဲကို သံပုရာရည် ညှစ်ထည့်လိုက်ပါ။ ပြီးရင် ရေအနည်းငယ်ရောပြီး ခပ်ပြစ်ပြစ်အနေအထားနဲ့ ပေါင်း တင်နိုင်ပါပြီ။ တစ်ခုရှိတာက နနွင်းက အနံ့စွဲတတ်ပါတယ်။

(၄) နနွင်း၊ ပျားရည်နဲ့ ခရမ်းချဉ်သီးပျော်ရည်
 
ခရမ်းချဉ်သီး နှစ်လုံး သုံးလုံးလောက်ကို မွှေစက်နဲ့မွှေပါ၊ ပြီးရင် ပျားရည်ဟင်းစားဇွန်း သုံးဇွန်းခန့်ထည့်ပြီး နနွင်းအနည်း ငယ်ထည့်ကာ သမအောင် မွှေပေးပါ။ ပြီးရင်ပေါင်းတင်လို့ရပါပြီ။ ပေါင်းတင်ချိန် မိနစ်(၂၀)ခန့်ဖြစ်ပါတယ်။
 
(၅) ထောပတ်သီးနဲ့လိမ္မော်သီးအခွံခြောက်
 
လိမ္မော်သီးအခွံခြောက်ကို အမှုန့်လေးတွေ ရအောင်လုပ်ပါ။ နောက် ထောပတ်သီးတစ်လုံးကို အနှစ်ယူပြီး လိမ္မော်ခွံအမှုန့်နဲ့သမအောင် မွှေပါ။ ပေါင်းတင်ချိန် မိနစ်(20) ဝန်းကျင်ဖြစ်ပါတယ်။
 

(၆) နွားနို့၊ ပျားရည်၊ သံပုရာရည်
 
နွားနို့အနည်းငယ်ထဲကို သံပုရာရည်ထည့်လိုက်တာနဲ့ သဘာဝအရ ခပ်ပြစ်ပြစ် ဖြစ်သွားပါလိမ့်မယ်။ နောက် ပျားရည်အ နည်းငယ်ကို ထည့်ပြီး သမအောင်မွှေပါ။ ပေါင်းတင်လို့ အသင့်အနေအထား ဖြစ်သွားပါပြီ။

 


23 Apr 2016     1,882 Views




RELATED

Most Popular of Special or Others

Most Popular of Life Style