BEC-TERO TV

ကောက်ရသော လက်ပစ်ဗုံး ထုခွဲရာမှ သေဆုံး၊ ဒဏ်ရာရ

23 Apr 2016     1,625 Views


ကျောက်မဲမြို့နယ်၊ လွယ်ကုန်ကျေးရွာအုပ်စု၊ ပန်စလော့ ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ပေါက်ကွဲ့မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးပီး၊ တစ်ဦး ဒဏ်ရာ ရခဲ့သည်။ ဖြစ်ပွားပုံမှာ ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာနေ မ ဇာဇာလှိုင် သည် ပန်စလော့ရွာနေအဖွား ဖြစ်သူ ဒေါ်သန်းညို နှင့် လိုက်လာပြီး မောင်ဝမ်းကွဲ ဖြစ်သူ အောင်အောင်နှင့် နေအိမ်ဝင်း အတွင်း ဆော့ကစားနေစဉ် ခြံဝင်းအတွင်းမှ ခရမ်းသီးပင် အောက်တွင် အောင်အောင် မှလက်ပစ်ဗုံး တစ်လုံး ကောက်ရ၍ လွှင့်ပစ်မည်ဟုပြောစဉ်

မဇာဇာအောင် မှ လွှင့်မပစ်နဲ့ ငါထုကြည့်မယ်ဟု ပြောပြီး အိမ်ဝင်းအတွင် အုတ်ရေကန် အနီး ကျောက်တုံးပေါ်တင်၍ ထုခွဲရာမှပေါက်ကွဲပြီး မဇာဇာအောင်၊ အသက်( ၁၅)နှစ်၊ (ဘ) ဦးအိုက်ပီး (မိ) ဒေါ်ဝေဝေခိုင်မှာ သေဆုံးပြီး၊ မောင်အောင်အောင်၊ အသက် (၁၀)နှစ်မှာခန္တာကိုယ်တွင် မစိုးရိမ်ရသောဒဏ်ရာများ ရခဲ့သဖြင့်ကျောက်မဲခရိုင် ဆေးရုံကြီးတွင် တက်ရောက် ကုသနေရကြောင်း သိရှိရပါသည်။

http://www.thithtoolwin.com/


23 Apr 2016     1,625 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS