BEC-TERO TV

ပိုင်းလော့ ကောင်မလေးနဲ့ ချစ်ကြိုက်နေပြန်တဲ့ Cristiano Ronaldo

23 Apr 2016     1,339 Views


အမြဲတမ်း အမိုက်စား မော်ဒယ်လ် ကောင်မလေးတွေနဲ့ပဲ တွဲခုတ်လာခဲ့တဲ့ နိုင်ငံတကာ ဘောလုံး ကြယ်ပွင့် Ronaldo ဟာ ချစ်သူ အသစ်ရနေပြီဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ သူမရဲ့  ကောင်မလေးဟာ မော်ဒယ်လ် တစ်ယောက် မဟုတ်ပဲ သူ့ရဲ့  သီးသန့်လေယာဉ်(Private Jet) ကိုမောင်းနှင်တဲ့ လေယာဉ်မောင်းနှင်သူ ပိုင်းလော့ တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

ထို ပိုင်းလော့ မလေး ရဲ့  အမည်ကတော့ Alejandra Manriquez လို့ခေါ်ပါတယ်။ Manriquez ဟာ သူမနဲ့ ရော်နယ်ဒို နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို သူမရဲ့  Instagram အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ်။ ရီးရဲ မက်ဒရစ် အသင်းရဲ့  ကစားသမား ရော်နယ်ဒိုဟာ သူနဲ့ Manriquez ရဲ့  အချစ်ရေးကို လျှို့ဝှက်ထားခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ Manriquez ဟာ ဘာစီလိုနာ အသင်းရဲ့ ပရိတ်သတ် တစ်ယောက်ဖြစ်ပြီး ရော်နယ်ဒို ရဲ့  ပြိုင်ဘက် လီယိုမက်ဆီ ရဲ့  အားပေးထောက်ခံသူ တစ်ယောက်ဖြစ်နေလို့ပါ။ ရင်းနှီးသူတွေရဲ့  ပြောကြားချက်အရတော့ သူတို့ ၂ ဦးဟာ မော်ရိုကို နိုင်ငံကို ရော်နယ်ဒို ရဲ့  အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့စဉ် မှာ စတင်ချစ်ကြိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ Credit: thithtoolwin


23 Apr 2016     1,339 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment