BEC-TERO TV

Trampoline ပြိုင်ပွဲတွင်ချန်ပီယံဆုရရှိခဲ့သူ ခြေလက် ဖြတ်တောက်ထားရသည့်ရောဂါသည်မိန်းကလေး

25 Apr 2016     1,379 Views


ဗြိတိန်နိုင်ငံ Daily Mail သတင်းဌာန၏ ဧပြီ ၂ဝ ရက်နေ့သတင်းအရ မကြာသေးမီရက်များက ဗြိတိန်နိုင်ငံတွင် ခြေလက်များ ဆုံးရှုံးသွားသော ၁၂ နှစ်အရွယ်မိန်းကလေး Will Izmir သည်ကျောင်းအဆင့်လူသစ်တန်း Trampoline ပြိုင်ပွဲမသန်စွမ်းသူများအဖွဲ့တွင် ချန်ပီယံဆုကိုရရှိခဲ့ပါတယ်။

ဗြိတိန်Derby County မှ Izmir သည် အသက် ၆ နှစ်အရွယ်တွင် ဘက်တီးရီးယားဦးနှောက်အမြှေးရောင် ရောဂါဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး နှလုံးနှင့် ကိုယ်တွင်းကလီစာ လုပ်ဆောင်မှုများ ကျဆင်းသွားပြီးနောက်တွင် ဆရာဝန်မှသူမ၏ ဘဝသည်နာရီပိုင်းသာ ရှိတော့သည်ဟုကြေငြာခဲ့သည်။ Izmir သည်ထူးဆန်းစွာ အသက်ရှင်နေသေးသော်လည်းသူမ၏ခြေလက်အင်္ဂါများ အားဖြတ်တောက်ပစ်သော ခွဲစိတ်မှုကိုပြုလုပ်ခဲ့ရသည်။ ၈လကြာဝှီးချဲနှင့်သွားလာရသောဘဝမှ ၂ဝ၁၁ ခုနှစ် ၈ လပိုင်းတွင် ခြေတုလက်တုများ ဖြင့်ပထမဆုံးခြေလှမ်းကိုလှမ်းခဲ့သည်။

သူမက “ ကျွန်မလုပ်နိုင်ခဲ့လျှင်ဘယ်လိုဖြစ်မယ်၊ မလုပ်နိုင်ခဲ့ လျှင်ဘယ်လိုဖြစ်မယ်။ဆိုတဲ့ပြဿနာကို တချိန်လုံးစဉ်းစားမနေနိုင်ပါ၊ ကျွန်မလုပ်ချင်သောအလုပ်များကို စတင်လုပ်ဆောင် ရမည်ထိုသို့လုပ်ဆောင်မှသာ လုပ်နိုင်မလုပ်နိုင် သိနိုင်မည်ဖြစ်သည်” ဟုပြောကြားခဲ့သည်။ ကျောင်းတွင် Trampoline club အသင်းတစ်ခုရှိပြီး Trampoline အားကစားအား အလွန်နှစ်သက်သောကြောင့် တစ်နှစ်တာအချိန်အတွင်းကြိုးစားကာ ထိုအားကစားနည်း ကိုလေ့ကျင့်ခဲ့သည်ဟုသိရသည်။

 

ချန်ပီယံဆုကိုရရှိပြီးနောက်တွင် Izmir သည် “သူမအလွန်စိတ်လှုပ်ရှားကြောင်း၊ အစက ယုံပင်မ ယုံနိုင်ကြောင်း၊ နောက်မှယင်းသည် အမှန်တကယ်ဖြစ်သည်ဟု နားလည်လိုက်ပြီး လူအများရှေ့တွင် ကိုယ့်ကိုယ်ကိုပြသနိုင်ခဲ့ သဖြင့်အလွန်ပျော်ရွှင်ကြောင်း” ပြောကြားခဲ့သည်။ လက်ရှိတွင် Izmir သည်တပတ်လျှင်အချိန်နှစ်နာရီကြာ Trampoline ကစားနည်း အားလေ့ကျင့်လေ့ရှိပြီး ယခုနှစ်နိုင်ငံတကာ Trampoline ပြိုင်ပွဲတွင် ပါဝင်နိုင်ရန်မျှော်လင့်ကြောင်း၊ သူမ၏မိဘများကလည်း အားပေးကာ သူ့အတွက်အလွန်ပင်ဂုဏ်ယူရကြောင်းသိရသည်။Credit:china.com


25 Apr 2016     1,379 Views




RELATED

Most Popular of Special or Others

Most Popular of NEWS