BEC-TERO TV

မန်ယူ နဲ့ မော်ရင်ဟို တကယ် စာချုပ် ချုပ်လိုက်ပြီလား

25 Apr 2016     1,331 Views


ချယ်လ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟိုဟာ မန်ယူအသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီလို့ ပေါ်တူဂီသတင်းစာ တစ်စောင်က ဖော်ပြပါတယ်။

ဗြိတိန်မီဒီယာအများစုကတော့ မော်ရင်ဟိုကို ခန့်အပ်ဖို့မန်ယူအသင်း ဆွေးနွေးစောင့်ကြည့်ဆဲ အခြေအနေမှာသာ ရှိနေသေးတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် de Noticias ဆိုတဲ့ ပေါ်တူဂီ သတင်းစာကတော့ မော်ရင်ဟိုကို ခန့်အပ်ဖို့ မန်ယူအသင်း စာချုပ်ချုပ်လိုက်ပြီလို့ ရေးသားဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက မော်ရင်ဟိုဟာ မန်ယူအသင်းရဲ့ ကစားပုံကို စတင်လေ့လာခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်ကစားသမား ခေါ်ရမလဲဆိုတာ လက်ထောက်နည်းတွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ ကစားသမားခေါ်ယူဖို့ ကိစ္စမှာ မော်ရင်ဟိုကို ဆုံးဖြတ်ပိုင်ခွင့် ပေးသွားမယ်လို့လည်း အဆိုပါသတင်းစာ ရေးသားထားပါတယ်။

လက်ရှိနည်းပြဗန်ဟားလ်ကိုတော့ နောက်အကျဆုံး ရာသီကုန်တဲ့အခါ ထုတ်ပယ်တော့မယ်လို့ သိရပါတယ်။

 


25 Apr 2016     1,331 Views




RELATED

Most Popular of International News

Most Popular of Sport