BEC-TERO TV

အောင်ရဲလင်းရဲ့ ခန္ဓာကိုယ်အလှဓာတ်ပုံများ

25 Apr 2016     4,737 Views


ခန္ဓာကိုယ်အလှကို ဦးစားပေးရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မနေ့ သူရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားတာတွေ့ ရပါတယ်။ မဂ္ဂဇင်း ကာဗာများ အတွက် ရိုက်ကူးထားတဲ့ ဓာတ်ပုံများဖြစ်ပြီး မိတ်ကပ် မထက်က လိမ်းပေးထားကာ ဓာတ်ပုံကိုတော့ လှိုင်ဗညားက ရိုက်ကူးပေးထားတယ်လို့ သူက ပြောပြထားပါတယ်။ " ဒီလိုရိုက်ကူးမှုတွေကတော့ မဂ္ဂဇင်း ကာဗာအတွက် ရိုက်ချင်တဲ့အခါမျိုးတွေမှာ ရိုက်ကူးပေးဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အနုပညာဖန်တီးမှုတွေကို ၁၀ယောက်မှာ ၁၀ယောက်စလုံးကြိုက်ဖို့မလွယ်ဘူးလေ။ဒါမျိုးတွေကို သုံးသပ်ပြီးတော့ ပရိသတ်တွေ ဘယ်လိုပုံစံမျိုးလေးတွေ ကြိုက်တယ်မကြိုက်ဘူးဆိုတာ သိလာတော့ ကျွန်တော့်တို့အတွက် အနုပညာအရည်အသွေး တိုးတက်တာပေါ့။ မဂ္ဂဇင်းထွက်ရင် အဲ့မှာပါတဲ့ ပုံလေးတွေကို ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန်တင်ပါတယ်" လို့ သူက ဆိုပါတယ်။ ဒီလိုဓာတ်ပုံများ ရိုက်ကူးမှုအပေါ်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေရှိသလို အားပေးမှုတွေလည်း ရှိနေတာကို သူ့ဓာတ်ပုံတင်ထားတဲ့ ပို့စ်အောက်က ကောမန့်တွေ့မြင်ရပါတယ်။

http://www.duwun.com.mm/


25 Apr 2016     4,737 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment