မက္ကစီကိုတောင်စောင်းက သည်းထိတ်ရင်ဖို စားသောက်ဆိုင်
26 Apr 2016 1,960 Views

မက္ကစီကိုမှ Basaseachic ရေတံခွန်အလှကို ကြည့်ရှုခံစားနိုင်တဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။ ဒါပေမဲ့ အမြင့်ကြောက်တတ်သူအတွက် တကယ့် သည်းထိတ်ရင်ဖို ဖြစ်စရာပါပဲ။ Copper Canyon Cocktail Bar စားသောက်ဆိုင်ကို ပုံမှာမြင်တွေ့ရတဲ့အတိုင်း ပေပေါင်းရာချီ မြင့်မားလှတဲ့ တောင်စောင်းနေရာကနေ ထိုးထွက်နေတဲ့ ဒီဇိုင်းနဲ့ ဆောက်လုပ်သွားမှာပါ။

ဒီ စားသောက်ဆိုင် ဒီဇိုင်းကို Tall Arquitectos ဗိသုကာ ကုမ္ပဏီက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ တောင်စောင်းကနေ ထိုးထွက်နေတဲ့ စားသောက်ဆိုင် ကြမ်းခင်းကို မှန်တွေ အသုံးပြုထားမှာဖြစ်ပြီ ရေကူးကန်တစ်ခုလည်း ပါဝင်ပါတယ်။

ဆန်းကြယ်တဲ့ အတွေ့အကြုံကို နှစ်သက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် Copper Canyon Cocktail Bar ကို သွားရောက်စားသောက်ချင်စဖွယ် စားသောက်ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ Credit: duwun








