BEC-TERO TV

ရုပ်ရှင်ရိုက်တော့မယ့် မိုးစက်ဝိုင်

26 Apr 2016     1,827 Views


ဒါရိုက်တာကျော်ဇော်လင်းရိုက်ကူးမယ့် " သတ္တိရှိရင် လောင်းမလား"ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးစက်ဝိုင်ပါ ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဟာသဇာတ်ကားကြီးဖြစ်တဲ့ အဲ့ဒီကားထဲမှာ ပြေတီဦး၊ မင်းမော်ကွန်းတို့ပါ ပါဝင်မှာ ဖြစ်ပါတယ်။ ဟာသ ဇာတ်ကားဖြစ်ပေမယ့် သူမရဲ့ ကာရိုက်တာက တော့ ဟာသ ကာရိုက်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ "မိုးစက်ရဲ့ ကာရိုက်တာကတော့ ပေါ့ပေါ့ပါးပါးလေးပါပဲ။

ဒီဇာတ်ကားကိုတွေ့တော့ စိတ်ဝင်စားမိတယ်။ပရိသတ်ကို သူတို့ပေးချင်တဲ့ မက်ဆေ့ခ်ျတစ်ခုရှိတယ်။ သရုပ်ဆောင်နိုင်လောက်တယ်ထင်လို့ လက်ခံလိုက်တာပါ"လို့ သူမကပြောပါတယ်။ အဲ့ဒီဇာတ်ကားကြီးကို မေလထဲတွင် ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။

http://www.duwun.com.mm/


26 Apr 2016     1,827 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment