BEC-TERO TV

အချစ်သင်္ကေတ ပန်းပုရုပ်ကြောင့် လာရောက်လည်ပတ်သူများ စိတ်အနှောင့်အယှက်ဖြစ်

26 Apr 2016     1,346 Views


တရုတ်နိုင်ငံ၊ ရှန်ဇီခရိုင်၊ ရှီအန်းမြို့က သမိုင်းဝင် ယဉ်ကျေးမှုပန်းခြံ ၂ ခုထဲမှာ ပြသထားရှိတဲ့ ပန်းပုရုပ်တုတွေဟာ လာရောက်လည်ပတ်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတအဖြစ် ညွှန်းဆိုထားတယ်ဆိုတဲ့ အဲဒီပန်းပုရုပ်တုတွေကို အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ပြသထားတာဖြစ်ပြီး လာရောက် လည်ပတ်သူတွေကြားမှာ ဝေဖန်မှုတွေ ဖြစ်နေတာပါ။ ဒီ ကိုယ်လုံးတီး ပုံတူပန်းပုရုပ်တုတွေဟာ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပန်းခြံတွေထဲမှာ ထားရှိဖို့ မသင့်တော်ဘူးလို့ ပြောနေကြတာပါ။

အများစုက ပန်းပုရုပ်တုတွေဟာ လှစ်ဟပြသလွန်းတယ်လို့ ဝေဖန်ကြပြီး တချို့ကတော့ ဒီအနုပညာကို ထောက်ခံအားပေးနေကြတာပါ။ “ဒါဟာ ချစ်ခြင်းမေတ္တာကို ပြသတဲ့ ပန်းခြံတခု မဟုတ်တော့ဘူး။ ဒါပေမယ့် ညစ်ညမ်းပုံတူပန်းခြံ ဒါမှမဟုတ် ကာမရာဂကို နှိုးဆွပေးတဲ့ ပန်းခြံတခုတော့ ဖြစ်နိုင်တယ်” လို့ ရှုအိုဇိုင်းအမည်နဲ့ ဝေဘိုအသုံးပြုသူတဦးက မှတ်ချက်ရေးခဲ့ပါတယ်။ စမိုင်းလ်တယ်လ်ဝူ အမည်နဲ့ အသုံးပြုသူတဦးကတော့ “ခုလို အနုပညာပြကွက် အမျိုးအစားတွေကို နိုင်ငံအတော်များများမှာ တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာတော့ တချို့က ဒါကို ကာမရာဂနှိုးဆွတဲ့ ပြကွက်တွေလို့ပဲ မြင်ကြမှာပဲ။

လူတွေ ဘယ်လိုစဉ်းစားကြတယ်ဆိုတာ နားလည်ဖို့ တော်တော်ခက်ပါတယ်” လို့ ရေးပါတယ်။ ၀မ်ရှိယူးအမည်နဲ့ အသုံးပြုသူကတော့ “ဒီပန်းပုရုပ်တုတွေကို ပန်းခြံဝင်ပေါက်နားမှာ ထားသင့်သလား၊ မထားသင့်ဘူးလား ဆိုတာကို စစ်တမ်းတခု ကောက်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဒါမှသာ ပန်းခြံတွေအနေနဲ့ ဒီပန်းပုရုပ်တုတွေကို ဘယ်နေရာမှာ ထားသင့်တယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပါ” လို့ ဆိုပါတယ်။ သမိုင်းဝင် ယဉ်ကျေးမှုပန်းခြံတွေထဲမှာ ခုလို ပန်းပုရုပ်တုတွေကို ထားရှိပြသမှုအတွက် သင့်အနေနဲ့ရော ဘယ်လိုထင်မိပါသလဲ။

Credit ; http://burmese.dvb.no/


26 Apr 2016     1,346 Views




RELATED

Most Popular of Special or Others

Most Popular of NEWS