BEC-TERO TV

တေးအယ်လ်ဘမ်သစ်နဲ့အတူ ပြန်လာမယ့် SISTAR အဖွဲ့

26 Apr 2016     1,310 Views


တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ SISTAR သည် မကြာမီ တေးအယ်လ်ဘမ်သစ် နှင့်အတူ ပြန်လာမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ Starship Entertainment က Osen သတင်းဌာန ကို ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ “SISTAR အဖွဲ့ဟာ နွေရာသီမှာ ပရိတ်သတ်ဆီကို ပြန်လာမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တေးအယ်လ်ဘမ်သစ်ကို လုပ်ဆောင်နေပါတယ်။ သူတို့ရဲ့ သီချင်းသစ်တွေ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

ဒါကြောင့် တေးသီချင်းသစ်တွေနဲ့အတူ ပါဝင်ဆင်နွှဲရမှာပါ” ဟု ကိုယ်စား လှယ်က ပြောကြားသည်။ တေးအယ်လ်ဘမ် ထွက်ရှိမည့်ရက် ၊ လကို အတိအကျ ပြောကြားခြင်းမရှိသော် လည်း ပရိတ်သတ်များအနေဖြင့် နွေရာသီတွင် တေးအယ်လ်ဘမ်သစ်ကို ကြည့်ရှုနားဆင်နိုင်မည် ဖြစ်သည်။

SISTAR အဖွဲ့ဟာ ၂၀၁၅ ခုနှစ် ဇွန်လက “Shake It” တေးအယ်လ်ဘမ် နောက်ဆုံး ထွက်ရှိခဲ့သည်။ SISTAR အဖွဲ့သည် “Loving U” ၊ “Touch My Body” ၊ “Shake It” နှင့် အခြားသော တေးသီချင်းများ အပါအဝင် နွေရာသီ တေးသီချင်းများဖြင့် အောင်မြင်ကျော်ကြားလာသော အဖွဲ့တစ်ဖွဲ့ လဲ ဖြစ်ပါတယ်။ Credit: Mizzma


26 Apr 2016     1,310 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment