BEC-TERO TV

ထိုင်းဘုန်းကြီးတပါးက ဇနီးဟောင်းကို မှောင်ရိပ်ခိုပြီး ဓားဖြင့်ခုတ်သတ်

27 Apr 2016     1,271 Views


ထိုင်းနိုင်ငံမှာ အသက် ၅၄ နှစ်အရွယ် ဘုန်းကြီးတပါးဟာ ဇနီးဟောင်းဖြစ်သူက အခြားအမျိုးသားတဦးနဲ့ တွဲနေတာကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေ သိခဲ့ရချိန်မှာ အိမ်ပြန်လာခဲ့ပြီး မြက်ခုတ်ဓားနဲ့ ခုတ်သတ်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဧပြီ ၂၇ ရက်က ဖော်ပြပါတယ်။ လူနာမည် ဆူရာဖွန်စေသီရိ အမည်ရ အဲဒီဘုန်းကြီးဟာ နွန်ခိုင်ခရိုင်၊ ဖုမ်ပီဆိုင်အရပ်၊ သက်ပ်နီမစ် ဘုန်းကြီးကျောင်းမှဖြစ်ကာ ညနေပိုင်းမှာ အိမ်အတွင်း ခိုးဝင်ပြီး ဇနီးဟောင်းကို သတ်ခဲ့တာပါ။

မျက်မြင်တွေ့သူတွေရဲ့ သတင်းပေးချက်အရ အိမ်တွင်းကျူးကျော်ဝင်ရောက်သူ တဦး ရှိနေတယ်လို့ သိရပြီးနောက်မှာ ရဲတွေက စစ်ဆေးခဲ့ချိန်မှာ အမျိုးသမီးတဦး သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ အသက် ၃၉ နှစ်အရွယ် အိမ်ပိုင်ရှင် နစ်ဘတ်ဒါဘန်အမည်ရ အဲဒီအမျိုးသမီးရဲ့ ဦးခေါင်း၊ လည်ပင်း၊ ကိုယ်ခန္ဓာတွေမှာ ပြတ်ရှဒဏ်ရာ ၁၀ ခုထက်မနည်း တွေ့ရှိခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ အိမ်နဲ့ အကွာအဝေး ၅ ကီလိုမီတာလောက်အကွာက မြက်ပင်ရှည်တောအနီးမှာ ဘုန်းကြီးတပါးကို မြင်တွေ့ခဲ့ရတယ်လို့ သတင်းပေးချက်အရ ရဲတွေက နောက်ယောင်ခံ စုံစမ်းခဲ့ချိန်မှာတော့ တရားခံ ဆူရာဖွန်ကို နောက်တနေ့ နေ့လယ် ၁ နာရီလောက်မှာ သွေးစွန်းနေတဲ့သင်္ကန်း၊ အရှည် ၃၀ စင်တီမီတာရှိ မြက်ခုတ်ဓားအပါအ၀င် တခြား သံဃာသုံးပစ္စည်းတွေပါတဲ့ အိတ်နဲ့အတူ ဖမ်းမိခဲ့တာပါ။ သေဆုံးသူအမျိုးသမီးဟာ ဆူရာဖွန်နဲ့ လက်မထပ်မီတည်းက အရင်အိမ်ထောင်နဲ့ ကလေး ၂ ဦးရှိပြီး သူနဲ့ ၆ နှစ်ကြာ ပေါင်းသင်းနေထိုင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့တနှစ်လောက် မှာတော့ ဆူရာဖွန်ဟာ ဘုန်းကြီးဘ၀နဲ့ နေထိုင်ဖို့ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ပြတ်စဲခဲ့ကြတာ လို့ ဆိုပါတယ်။ ဒါပေမယ့် ဆူရာဖွန်ဟာ ဇနီးဖြစ်သူရဲ့ သတင်းတွေကို မပြတ်နားစွင့်နေပြီး အမြဲမ ပြတ်စောင့်ကြည့်နေလေ့ရှိကာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တခြားအမျိုးသားတဦးနဲ့ ပုံတွေတွေ့ ရချိန်မှာတော့ ဒေါသမထိန်းနိုင်ဘဲ ခုလိုသတ်ခဲ့တာလို့ ရဲတွေကို ၀န်ခံထွက်ဆိုထားပါ တယ်။ သူဟာ ဇနီးဖြစ်သူနဲ့အတူ သေရင်တောင် အတူသေမှာဖြစ်ပြီး တခြားအမျိုးသားတွေနဲ့ မဖောက်ပြားရဘူးလို့ ကတိထားခဲ့တယ်လို့ ဆူရာဖွန်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှ ဓာတ်ပုံတွေမြင်ချိန်မှာတော့ သူဟာ မနာလိုစိတ်ဖြစ်ကာ အိမ်ကို မှောင်ရိပ်ခိုချဉ်းကပ်ခဲ့တာပါ။

သူဟာ အိမ်အနောက် မီးဖိုချောင်အနီးမှာ အိမ်ထဲဝင်ဖို့ ၁ နာရီလောက် စောင့်ခဲ့ရတယ်လို့ ရဲတွေကို ပြောပါတယ်။ သူ့ကို ဇနီးဟောင်းရဲ့ သမီးဖြစ်သူက မြင်ခဲ့ပြီး သတိပေးဖို့ကြိုးစားခဲ့ပေမယ့် နောက်ကျခဲ့ကာ မြက်ခုတ်ဓားနဲ့ ခုတ်ပြီး လူဝတ်လဲကာ ထွက်ပြေးခဲ့တာပါ။ ခုလိုကြိုတင်ကြံစည်သတ်ဖြတ်မှုအတွက် ဆူရာဖွန်ဟာ ပြစ်ဒဏ်ချခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Credit ; http://burmese.dvb.no/


27 Apr 2016     1,271 Views




RELATED

Most Popular of Special or Others

Most Popular of NEWS