ဒေါ်လာ သန်း ၄၀ တန် သင်္ဘောကြီးပေါ်မှာ ကြော်ငြာရိုက်နေတဲ့ ဒေးဗစ်ဘက်ခမ်း
27 Apr 2016 1,638 Views

ဒေးဗစ်ဘက်ခမ်းတစ်ယောက် မီယာမီကမ်းခြေက ဇိမ်ခံရွက်လှေကြီးတစ်စင်းပေါ်မှာ အလုပ်တွေ ကြိုးစားနေတာကို မြင်တွေ့ရပါတယ်။ကလေးလေးဦးရဲ့ဖခင် ဘက်ခမ်းဟာ ဒေါ်လာ သန်း ၄၀ တန်တဲ့ ၂၂၈ ပေရှည် ရွက်လှေကြီးပေါ်မှာ ကြော်ငြာရိုက်နေတာပါ။
ဘာကြော်ငြာရိုက်နေမှန်း အတိအကျ မသိရပေမဲ့ ဒေးဗစ်ကိုင်ထားတဲ့ ခွက်ထဲက အရည်ကို ကြည့်ရတဲ့ ပုံအရ ကြော်ငြာက ဒေးဗစ်နဲ့ သူ့သူငယ်ချင်း အတူတကွ ရင်းနှီးမြှုပ်နှံထားတဲ့ Haig Club ဝီစကီအတွက် ဖြစ်နိုင်ပါတယ်။တီရှပ်အနက်ရောင် ဝတ်ပြီး တက်တူးအပြည့်ထိုးထားတဲ့ လက်တွေကို ဖော်ပြထားတဲ့ ဒေးဗစ်ဟာ လူတွေအများကြီးကြားမှာ ပြုံးပျော် တက်ကြွလို့ နေပါတယ်။ Credit:Duwun







