ဘားအံ့မြို့တွင်းရှိတံတားများ ၂၄ နာရီဖွင့်လှစ်မည်
28 Apr 2016 2,085 Views

ကရင်ပြည်နယ် ဘားအံ့မြို့အတွင်းရှိ တံတားများအား ဧပြီ ၃၀ ရက်မှစတင်ကာ ၂၄ နာရီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကရင်ပြည်နယ်ဘားအံ့မြို့တွင် သံလွင်တံတား (ဘားအံ့) ဂျိုင်းတံတား (ကော့ကရိတ်) ဂျိုင်းတံတား (ဇာသပြင်) တို့ရှိပြီး ယခင်က အချိန်အပိုင်းခြားဖြင့်သာ ဖွင့်လှစ်ရာ ယခုအခါ ၂၄ နာရီ ဖြတ်သန်းခွင့်ရရှိတော့မည်ဖြစ်သည်။
Credit ; သတင်းစုံ








