ကမ္ဘာ့အကြီးဆုံး တင်ပါး ပိုင်ရှင်
28 Apr 2016 2,038 Views

ပုံမှာ မြင်တွေ့နေရတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး တင် အရွယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပတ်လည် ကို ပေကြိုးနဲ့ တိုင်းရင် ၈ ပေတောင် ရှိပါတယ်။ နည်းတဲ့ အရွယ်ကြီး မဟုတ်ပါဘူး။ သားသမီး လေးဦး ရှိပါတယ်။ အိမ်ထောင်သည် အမျိုးသမီး ဖြစ်သူ Mikel Ruffinelli ဟာ လက်ရှိမှာ ကမ္ဘာ့ ဂင်းနစ်စံချိန်တင်ထားပြီး ဒုတိယနေရာ လိုက်သူကတော့ လူငယ် အမျိုးသမီး ဖြစ်ပါတယ်။
Mikel ကတော့ သူမ ပိုင်ဆိုင်ထားတဲ့ တင်ကို ကြိုက်နှစ်သက်ကြောင်း၊ ချစ်ကြောင်း ပြောဆို ပါတယ်။ ဒီတော့ ယင်းကို အရွယ်သေးအောင် သူလုပ်မယ့် ပုံလည်း မရှိပါဘူး။ သူမဟာ အမေရိကန် ပြည်ထောင်စု၊ လော့အိမ်ဂျလစ်မှာ နေထိုင်တဲ့ အမျိးသမီး ဖြစ်ပြီး ဒုတိယ နဲ့ ထိပ်ဆုံး ၁၀ ဦး စာရင်းဝင်ဟာလည်း အမေရိကန်မှာ အများစု ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။









