ဖိုးလပြည့် ကမ်းလှမ်းမှုကို အလုပ်သဘောအရ လက်ခံခဲ့တာဆိုတဲ့ ခင်ဝင့်ဝါ
28 Apr 2016 4,347 Views

ဒီနေ့မှာတော့ နေရွှေသွေးအောင်က Forgiveness Music Video Cover Song တစ်ပုဒ်လုံးအပြီးကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီသီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခင်ဝင့်ဝါက နေရွှေသွေးအောင်၏ ကမ်းလှမ်းချက်ကို အလုပ်သဘောအရ လက်ခံခဲ့တာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။
" ဒီ Cover Song ရိုက်ဖြစ်တာက ကိုနေရွှေသွေးအောင် ကမ်းလှမ်းလို့ပါ။ ကိုဝေမင်းမောင်ကနေ တစ်ဆင့် ညီမကို သီချင်းရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တာပါ။ ကိုနေရွှေသွေးအောင်က နာမည်ကြီး တစ်ယောက်မှန်ပေမယ့် ညီမအနေနဲ့ကတော့ အလုပ်သဘောအပြင် ဘာမှ မပိုခဲ့ပါဘူး" လို့ သူမက ပြောပါတယ်။ Forgiveness Music Video Cover Song ထဲမှာ နေရွှေသွေးအောင် အပြင် ပိုင်ဇေရဲထွန်း၊ ခင်ဝင့်ဝါ၊ ရန်အောင်၊မေသဉ္ဇာဦးတို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။
Source : ပြည်မြန်မာသတင်းစာ









