BEC-TERO TV

သနားကြင်နာတတ်တဲ့ စူပါမားကတ် မန်နေဂျာ မုန့်ခိုးစားတဲ့ လူငယ်လေးကို အလုပ်ခန့်ခဲ့

29 Apr 2016     1,340 Views


စူပါမားကတ်ထဲမှာ စားစရာတွေ ခိုးစားခဲ့တဲ့ လူငယ်လေးကို ခွင့်လွှတ်ပြီး စူပါမားကတ်မှာ အလုပ်ခန့်လိုက်တဲ့ မန်နေဂျာရဲ့ လုပ်ရပ်က တရုတ်နိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ နေ့ချင်းညချင်း ပြောစမှတ်တွင်သွားခဲ့ပါတယ်။ ဇီကျင်းခရိုင်က စူပါမားကတ်မှာ ဂေါင်လို့ အမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်လေးတစ်ယောက် စားစရာတွေ ခိုးစားနေတာကို ၀န်ထမ်းတစ်ဦးက တွေ့ခဲ့ပြီး စူပါမားကတ် မန်နေဂျာဆီ အပ်ခဲ့ပါတယ်။

စူပါမားကတ် မန်နေဂျာ ရှောင်က သူ ခိုးစားခဲ့တဲ့ စားစရာတွေအတွက် ပိုက်ဆံတောင်းတော့ ဂေါင်က သူ့မှာ ပေးစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ရဲ ခေါ်ပြီး ဖြေရှင်းခဲ့ပါတယ်။ ရဲတွေ ရောက်လာလို့ စစ်ဆေးမေးမြန်းတဲ့အချိန်မှာ ဂေါင်က သူဟာ ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားလာပြီး သူ့ကြောင့် မိသားစု ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ အလုပ်လုပ်ချင်ခဲ့ပေမယ့် သူ့အဖေက သူ့ကို ကြိုးစားပြီး ပညာသင်ပါလို့ ပြောခဲ့တာကြောင့် အလုပ်လုပ်ခွင့် မရခဲ့ပါဘူး။ ဒါပေမဲ့ ဂေါင်ဟာ အိမ်က ထွက်လာပြီး ဇီကျင်းခရိုင်မှာ အလုပ်လာရှာခဲ့ရမှာ စူပါမားကတ်က စားစရာ ခိုးစားမိခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။

ဂေါင်ရဲ့ ဘ၀အကြောင်းကြားပြီးတဲ့နောက် သနားသွားတဲ့ စူပါမားကတ် မန်နေဂျာ ရှောင်ဟာ ဂေါင်ကို အရေးမယူဖို့ ရဲတွေကို မေတ္တာရပ်ခံခဲ့ပြီး ဂေါင်ကိုလည်း သူ့ဆိုင်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ဂေါင်ကလည်း စူပါမားကတ်ကနေ သူ ခိုးစားခဲ့တဲ့ စားစရာတွေအတွက် ကုန်ကျစရိတ်ကို လုပ်အားခထဲကနေ ပြန်ဆပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ မန်နေဂျာ ရှောင်ရဲ့ သနားကြင်နာတတ်ပြီး လူသားဆန်တဲ့ စိတ်ထားကို အွန်လိုင်းအသုံးပြုသူတွေက ချီးကျူးခဲ့ကြပါတယ်။

Credit: yoyarlay


29 Apr 2016     1,340 Views




RELATED

Most Popular of Special or Others

Most Popular of NEWS