BEC-TERO TV

ဆံပင်ဖြူ အပေါက်နည်း စေဖို့ နည်းလမ်းများ

02 May 2016     1,631 Views


ခေါင်းမှာ ဆံပင်ဖြူတွေထွက်လာပြီဆိုရင် နက်မှောင်တဲ့ဆံသား ဖြစ်လာဖို့အတွက် ဆံပင်ဆိုးဆေးသုံးတာတို့၊ အခြားနည်းလမ်းပေါင်းများစွာနဲ့ ကြိုးစားပမ်းစား လုပ်ဆောင်လေ့ရှိရာမှာ ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ဆံပင်အဖြူသက်သာအောင် လုပ်ချင်သူတွေ အတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
သံပရာသီးနှင့် ကုလားဆီးဖြူသီး - ဆံပင်ပြဿနာနဲ့ အရေပြားပြဿနာတွေအတွက် သဘာဝဆေးဖြစ်တဲ့ ကုလားဆီးဖြူသီးအမှုန့်နဲ့ သံပရာရည်နဲ့ရောပြီး ဆံပင်ဖြူနေတဲ့နေရာတွေကို ဦးရေပြားအထိ စိမ့်ဝင်အောင် ပုံမှန်လိမ်းပေးရင် ရက်အနည်းငယ်အတွင်း ထူးခြားလာတာတွေ့ရမှာပါ။
 
ကြက်သွန်နီအနှစ် - ကြက်သွန်နီကို အနှစ်ဖြစ်သွားအောင် ကြိတ်ခြေပြီး ဦးရေပြားကို သုတ်လိမ်းပြီး နာရီဝက်လောက် ခြောက်သွားတဲ့အထိ ထားပေးတာမျိုးလုပ်ပေးရင်လည်း ဆံပင်တွေကိုပြန်နက်စေတယ်လို့ ဆိုပါတယ်။ ကြက်သွန်နီက အနံ့ပြင်းတဲ့အတွက် ရှန်ပူနဲ့ သေချာလျှော်ပြီး အနံ့ပျောက်အောင်လုပ်ဖို့တော့ လိုပါတယ်။
 
အုန်းဆီနှင့် သံပရာရည် - ဆံပင်ဖြူပေါက်လာပြီဆိုတာနဲ့ ဦးရေပြား ယားကျိကျိနဲ့ မသက်မသာဖြစ်လာရင် သံပရာရည်နဲ့ အုန်းဆီနဲ့ရောပြီး ဆံသားကိုလိမ်းပေးမယ်ဆိုရင် ဦးရေပြားကျန်းမာရေး ကောင်းစေပြီး ဆံပင်ဖြူတာကိုလည်း လျော့ပါးစေတယ်လို့ ဆိုပါ တယ်။
 
မုန်လာဥနီဖျော်ရည် - အရသာလည်းရှိသလို ကျန်းမာရေးအတွက်လည်း အကျိုးများတဲ့ မုန်လာဥနီဖျော်ရည်ကို နေ့စဉ်ပုံမှန်သောက်ပေးတာဟာ ဆံပင်ဖြူတာကာကွယ်ပေးသလို ဆံပင်ဖြူနေရင်လည်း လျော့ပါးသက်သာစေတယ်လို့ ဆိုပါတယ်။
 
နှမ်းစေ့နှင့် အယ်လ်မွန်ဆီ - နှမ်းစေ့ကို ကြေညက်အောင်ထောင်းပြီး အယ်လ်မွန်ဆီနဲ့ ရောထားတာကို ဦးရေပြားကို သီတင်းပတ်အနည်းငယ်လောက် လိမ်းတာမျိုးလုပ်ပေးရင် ဆံသားတွေပြန်နက်လာစေတယ်လို့ ဆိုပါတယ်။ နှမ်းမှုန့်နဲ့ အယ်လ်မွန်ဆီရောထားတာကို နာရီဝက်လောက်လိမ်းပေးပြီး ခေါင်းလျှော်ပေးတာမျိုးလုပ်ပေးရင် ဆံသားသန်စွမ်းကျန်းမာစေပါတယ်။

(ပိုပိုလေး)


02 May 2016     1,631 Views




RELATED

Most Popular of Special or Others

Most Popular of Life Style