BEC-TERO TV

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ

02 May 2016     1,296 Views


အမြန်လမ်း ၁၅၅ မိုင်အနီးတွင် ယနေ့ (မေလ ၁ ရက်) နံနက် ၁၁ နာရီခွဲခန့်က ဗစ်တိုးရီးယားတက္ကသိုလ်မှ ၀န်ထမ်းများစီးလာသည့် ပရာဒိုယာဉ်တစ်စီး နောက်ဘီးကျွတ်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၃ ဦးအနက် ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်ရာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ဗစ်တိုးရီးယားတက္ကသိုလ်မှ အမျိုးသမီးဝန်ထမ်းတစ်ဦးအား တောင်ငူဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ပြီး အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် နေပြည်တော်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ရကြောင်း သိရသည်။

Credit ; ElevenMediaGroup/


02 May 2016     1,296 Views




RELATED

Most Popular of Special or Others

Most Popular of NEWS